Posts

Showing posts from February, 2022

အရိုး ကျန်းမာရေး အတွက် ဘာတွေ စားကြမလဲ ????

အခုနောက်ပိုင်း မှာ လူအများ စု ဟာ လှုပ်ရှားမှု့ နည်းလာတာက တကြောင်း၊ အသားအသောက် မမှန်တာ၊ စားရတဲ့ အစားအစာ တွေ က အတုအပ တွေ ဖြစ်နေတာက တစ်ကြောင်း စတဲ့ အကြောင်း အမျိုးမျိုးကြောင့် လူတွေ ရဲ့ကျန်းမာရေး ကို နည်းမျိုးစုံ နဲ့ ထိခိုက်နေပါတယ်။ အဲ့ဒီ အထဲ မှာ အရိုး က လည်း အစားအသောက်တွေ ကြောင့် ထိခိုက်တဲ့ ကိုယ် အင်္ဂါ အဖွဲ့ အစည်း ထဲ က တစ်ခု အပါအဝင်ဖြစ်ပါတယ်။ အခု တခေါက် ဆောင်းပါးမှာတော့ အရိုး ကျန်းမာရေး အတွက် ဘယ်လိုစားကြမလဲ ဘာတွေ ရှောင်သင့်လဲ ဆိုတာ ကို ဖော်ပြပေးသွားပါမယ်။ 1. ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာ ကို စားပေးပါ။ ဥပမာ - နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ဂျပန်တိုဟူး၊ ပဲပုပ်စေ့၊ ဗာဒံစေ့၊ ပန်းပွင့်စိမ်း၊ ငါးသေတ္တာ၊ စတာတွေ စားပေးဖို့လိုပါတယ်။ 2. ဗီတာမင်ဒီ ကြွယ်ဝတဲ့ အစားအစာ စားပေးရပါမယ်။ ဥပမာ ဆော်လမွန်ငါး၊ ငါးသေတ္တာငါး၊ တူနာငါး၊ ကြက်အသည်း၊ ဝက်အသည်း၊ အမဲအသည်း၊ ဗီတာမင်ဒီ ထပ်ဖြည့်ထားတဲ့ နွားနို့၊ ဗီတာမင်ဒီ ထပ်ဖြည့်ထားတဲ့ လိမ္မော်ရည်၊ ကြက်ဥ၊ ကိုလက်စထရော လျှော့ထားသော ထောပတ် စတာတွေ ငနေ ဗီတာမသ်ဒီ ရပါတယ်။ အသည်းတွေ ...

ကလေး ငယ်တွေ ကို မနက် စာ ဘာတွေ ကျွေးသင့်သလဲ????

အခုရက်ပိုင်းမှာ အုပ်ထိန်းသူတွေကလည်း အလုပ်တွေ ရှုပ်ပြီး မအား လာတာနဲ့အမျှ ကလေးငယ်တွေ ကိုလည်း အလွယ်တကူ ရတဲ့ လက်ဖက်ရည် ဆိုင် က အစားအစာ တွေ ကို ကျွေးလာတာကိုလည်း တွေ့ရပါတယ်။ ဘာတွေ မကျွေးသင့်ဘူးလဲ ???? ဥပမာ - ကလေးငယ် ကို အလွယ်ရတဲ့ ဆိုင်က မုန့်ဟင်းခါး ကျွေးကြပါတယ်။ အခုဆို ၃ - ၄ နှစ် သား အရွယ်ကတည်း က မနက်စာ ကို မုန့်ဟင်းခါး ဝယ်ကျွေးနေတဲ့ မိဘ တွေ တွေ့နေရပါတယ်။ ဆိုင်မုန့်ဟင်းခါး ကတော့ ထုံးစံ အတိုင်း အချိုမှုန့် မတရား ပါဝင်ပါတယ်။ ဒီ Mono Sodium Glutamate (MSG) လို့ခေါ်တဲ့ အချိုမှုန့် တွေ ဟာ ဦးနှောက်မှာ ရှိတဲ့ Neurone ( ဦးနှောက်ဆဲလ် ) တွေ ကို ရေတွေနဲ့ ပွလာစေပြီး နောက်ဆုံးမှာ ပေါက်ပြီး ပျက်ဆီး သွားစေနိုင်ပါတယ်။ အကျိုးဆက်ကတော့ ကလေးငယ်တွေ မှာ ဆိုရင် မှတ်ဉာဏ် စွမ်းအားကို သိသိသာသာ ကျစေပြီး လန်းဆန်း တက်ကြွမှု့ မှာ လျော့နည်းသွားစေပါတယ်။   နောက်တစ်ခု ကတော့ အသုပ် မျိုးစုံပါ။ ဆိုင်လုပ် လက်သုပ် တွေကတော့ အချို့မှုန့်များရုံတင်မကပဲ နီနီရဲရဲ အချဉ် တွေ နဲ့ သုပ်ထားတဲ့ အပြင် မှို ပေါင်းများစွာပါနေတဲ့ ငရုတ်သီးမှုန့်တွေ...

တုပ်ကွေး ဖြစ်ရင် ဘယ်လို ကာကွယ်ကြမလဲ????

တုပ်ကွေး ဖြစ်ပြီဆို လူက ငြီးစိစိ နဲ့ ကိုယ်ခန္ဓာ ဟိုနား နာသလို ဒီနား ကိုက်သလို နဲ့ နေရထိုင်ရ ခက်ခဲတတ်ပါတယ်။   တုပ်ကွေး ဖြစ်တာ ကတော့ ဘတ်တီးရီးယား နဲ့ ဗိုင်းရပ်စ် ရောဂါပိုးတွေကြောင့်ပါ။ ဒါပေမယ့် အဲ့ ဒီ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် ရောဂါပိုးတွေ ကို အလွယ်တကူ ဝင်ရောက်စေတဲ့ အကြောင်းအရာ ကတော့   1. အရက်အလွန်အကျွံ သောက်ခြင်း 2. အိပ်ရေး မဝခြင်း ( တနေ့ကို အနည်းဆုံး၈ နာရီ အိပ်ပေးသင့်ပါတယ် ) 3. လေ့ကျင့်ခန်း အပြင်းအထန် လုပ်ခြင်း - လေ့ကျင့်ခန်း အပြင်းအထန် လုပ်ခြင်းကြောင့် ခန္ဓာကိုယ် က ချွေး နှင့် သတ္တု ဓါတ်တွေ ဆုံးရှုံးသွားအတွက် ပိုပြီး နုံးလာပြီး။ တုပ်ကွေးကို ပိုဆိုးစေပါတယ်။ 4. အဝလွန်တဲ့ သူတွေ မှာ ဆိုရင်လည်း တော်ရုံတန်ရုံ တုပ်ကွေး ဖြစ်စေတဲ့ပိုးမွှားတွေ ကို ခုခံနိုင်စွမ်း မရှိတတ်ပါဘူး။ 5. အဆီအဆိမ့်တွေ အများကြီးစားတဲ့ သူများ 6. ဆေးလိပ်သောက်တတ်တဲ့ သူမျာ။ 7. စိတ်ဖိစီးမှု့ များတဲ့ သူတွေ မှာ ဆိုရင် တုပ်ကွေးဖြစ်ပွားဖို့ အခွင့် အလန်း ပိုများပါတယ်။ ဒါဆို တုပ်ကွေးမဖြစ်အောင် ဘယ်လို စားသောက်နေထိုင်က...

ကိုယ်အလေးချိန် လျှော့ချ နေသူများ နှင့် ထိန်းချင်သူများ အတွက် အသုံးဝင်မည့် စိတ်ပိုင်းဆိုင်ရာ လှည့်စား နည်းလမ်းအချို့။

ဝိတ်ချမယ် ဆိုတာနဲ့ လူအများသိထားကြတာတော့ အစားလျှော့စားတာပါပဲ။ ဒါပေမယ့် တကယ်တမ်း လျှော့စားဆိုရင် အရှိန်မသက်နိုင်ဘဲ စားစားမိသွားတတ်တာ လည်း တော်တော် များများဆီ ကနေ ပြန်ကြားနေရပါတယ်။ တကယ်တော့ ဒီလို လျှော့စားဖို့ဆိုတာ psychological approach ( စိတ်ပိုင်းဆိုင်ရာ လှည့်စားမှု့ ) တွေ အများကြီးလိုပါတယ်။ ဘာ်လိုမျိုးတွေလဲ ဆိုတော့   (A) မနက်စာ နေ့လည်စာ ညစာ စားတဲ့ အခါ မှာ အနည်းဆုံး ၁၅ - ၃၀ မိနစ်ကြာအောင် စားပေးပါ။ ဒါမှ ဦးနှောက်က စားတဲ့ အချိန်ကြာကြာ လေ ဗိုက်သွားပြီဆိုတဲ့ ခံစားချက် ဖြစ်လေ ဖြစ်တဲ့ အတွက် စားစရာ မကုန်သေးခင်မှာပဲ စားချင်စိတ် အလိုလို ပျောက်သွားတတ်ပါတယ်။ ကုန်သွားခဲ့ရင်တောင် တော်ရုံတန်ရုံ ထပ်မယူဖြစ်တော့ပါဘူး။ (B) ဇွန်း ခရင်း နဲ့ စားတတ်တဲ့ အကျင့် လုပ်ပါ။ ဇွန်း၊ခရင်း နဲ့ စားတတ်တဲ့ အကျင့်က လည်း ဝိတ်ချတဲ့ နေရာ မှာ အလွန် အသုံးဝင်ပါတယ်။ စားတဲ့ တလုပ်စာ က လည်း ပုံမှန်စားနေကျ တလုပ်စာ ပဲ ထည့်စား တတ်ဖို့ လိုပါတယ်။ တလုပ် စားပြီးတိုင်း ဇွန်းခရင်း ကို တစ်ခါချပြီး သေချာကျေညက်အောင် ဝါးစားပေးတာလဲ ဝိတ်ချတဲ့ နေရာမှာ အကျို...