တုပ်ကွေး ဖြစ်ရင် ဘယ်လို ကာကွယ်ကြမလဲ????
တုပ်ကွေး ဖြစ်ပြီဆို လူက ငြီးစိစိ နဲ့ ကိုယ်ခန္ဓာ ဟိုနား နာသလို ဒီနား ကိုက်သလို နဲ့ နေရထိုင်ရ ခက်ခဲတတ်ပါတယ်။
တုပ်ကွေး ဖြစ်တာ ကတော့ ဘတ်တီးရီးယား နဲ့ ဗိုင်းရပ်စ် ရောဂါပိုးတွေကြောင့်ပါ။ ဒါပေမယ့် အဲ့ ဒီ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် ရောဂါပိုးတွေ ကို အလွယ်တကူ ဝင်ရောက်စေတဲ့ အကြောင်းအရာ ကတော့
1. အရက်အလွန်အကျွံ သောက်ခြင်း
2. အိပ်ရေး မဝခြင်း (တနေ့ကို အနည်းဆုံး၈ နာရီ အိပ်ပေးသင့်ပါတယ်)
3. လေ့ကျင့်ခန်း အပြင်းအထန် လုပ်ခြင်း - လေ့ကျင့်ခန်း အပြင်းအထန် လုပ်ခြင်းကြောင့် ခန္ဓာကိုယ် က ချွေး နှင့် သတ္တု ဓါတ်တွေ ဆုံးရှုံးသွားအတွက် ပိုပြီး နုံးလာပြီး။ တုပ်ကွေးကို ပိုဆိုးစေပါတယ်။
4. အဝလွန်တဲ့ သူတွေ မှာ ဆိုရင်လည်း တော်ရုံတန်ရုံ တုပ်ကွေး ဖြစ်စေတဲ့ပိုးမွှားတွေ ကို ခုခံနိုင်စွမ်း မရှိတတ်ပါဘူး။
5. အဆီအဆိမ့်တွေ အများကြီးစားတဲ့ သူများ
6. ဆေးလိပ်သောက်တတ်တဲ့ သူမျာ။
7. စိတ်ဖိစီးမှု့ များတဲ့ သူတွေ မှာ ဆိုရင် တုပ်ကွေးဖြစ်ပွားဖို့ အခွင့် အလန်း ပိုများပါတယ်။
ဒါဆို တုပ်ကွေးမဖြစ်အောင် ဘယ်လို စားသောက်နေထိုင်ကြမလဲ????
1. အဆီကိုလျှော့စားပြီး အသားဓါတ်နှင့် ကစီဓါတ် ကို မျှတ စွာစားပါ။
2. ဗီတာမင်စီ အားဆေး ဒါမှ မဟုတ် ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာ တွေ များများ စားပါ။
3. ဗီတာမင် ဒီ ကြွယ်ဝတဲ့ အစားအစာ တွေ များများစားပါ။ လိုအပ်ရင် ဗီတာမင်ဂဒီ အားဆေးသောက်ပါ။ ဆရာဝန်နှင့် သေချာ တိုင်ပင်ပြီးမှ သောက်ပါ။
4. ဇင့် ဓါတ်ကြွယ်ဝတဲ့ အစေ့အဆန်များ၊ နှံစားအမျိုးမျိုး စားပေးပါ။
5. သံဓါတ် ကြွယ်ဝ တဲ့ဘအစားအစာ များဖြစ်တဲ့ ကန်ဇွန်းရွက်၊ ဟာင်းနုနွယ်၊ အနီရောင် အသားများ။ ကြက် အသည်း၊ အမဲ အသည်း၊ ဝက်အသည်း စားပေးပါ။
6. စီလီနီယမ် ကြွယ်ဝတဲ့ နှံစားများနှင့် မှို အမျိုးမျိုး ကိုစားပေးပါ။
7. Phytonutrients ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ ပဲပုပ်စေ့၊ ကန်ဇွန်းဥ၊ မုန်လာဥနီ၊ တိုဟူး စတာတွေ များများစားပေးပါ။
8. အမျှင်ဓါတ် ကြွယ်ဝအောင် အသီးအရွက်များများ စားပေးပါ။
9. သင့်တင့်လျောက်ပတ်သော လေ့ကျင့်ခန်း တစ်ခုခု (အပြင်းအထန် မဟုတ်) နေ့စဉ်လုပ်ပေးပါ။
တုပ်ကွေးအဖြစ်များတဲ့ အခုလိုအချိန်မှာ လိုက်လုပ်ပြီး တုပ်ကွေးရောဂါ ကိုဂတဖက်တလမ်း ကနေ ကာကွယ်ပေးနိုင်ပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Comments
Post a Comment