လူပြောများနေတဲ့ အိုမီဂါ သရီး (Omega-3) အကြောင်း
Omega 3 ဆိုတာ ကျွန်တော်တို့ ခန္ဓာကိုယ်ကနေ အလိုအလျောက် မထုတ်ပေးနိုင်ပါဘူး။ ဒါကြောင့် အိုမီဂါသရီး ကို အပြင်က နေ နည်းမျိုးစုံ နဲ့ စားပေးရပါတယ်။
အိုမီဂါ သရီး ကြွယ်ဝတဲ့ အစားအစာများ ကတော့
- ငါးကွန်းရှပ်
- ငါးတန်
- ငါးမြင်း
- တူနာ
- ဆော်လမွန်
- ပင်လယ်ငါးအမျိုးမျိုး
- သစ်ကြားသီး
- နှမ်းကြပ်စေ့
- Canola Oil (ပန်းနှမ်းဆီ)
- အိုမီဂါသရီး အားဆေး စတာတွေကနေ ကြွယ်ဝစွာ ရရှိနိုင်ပါတယ်။
အိုမီဂါ သရီး (Omega 3) စားပေးခြင်းအားဖြင့်
- နှလုံးသွေးကြောကျဉ်းရောဂါ ကို ကာကွယ်ပေးခြင်း
- သွေးကြောနံရံများတွင် အဆီခဲ ပိတ်တာ ကို ကာကွယ်ပေးခြင်း
- သွေးတွင်း ကိုလက်စထရော ကျစေခြင်း
- နှလုံးခုန်နှုန်း မမှန်ဖြစ်ခြင်း ကို ကာကွယ်ပေးခြင်း
- ယောင်ယမ်းခြင်း ကို သက်သာစေခြင်း
- မှတ်ဉာဏ်ကောင်းစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
ဒါဆို EPA, DHA, ALA ဆိုတာတွေကဘာလဲ ?
Omega 3 ကို ခွဲခြမ်းလိုက်ရင် ငါး ကနေရတဲ့ Omega 3 နှစ်မျိုး က EPA (eicosapentaenoic acid) နှင့် DHA (docosahexaenoic acid) တို့ဖြစ်ပါတယ်။
အပင်က ရတဲ့ omega 3 ကတော့ (အထူးသဖြင့် အစေ့အဆန်) ALA (alpha-linolenic acid) ဖြစ်ပါတယ်။
ဒါဆို OMEGA 3 ကို တနေ့တာ ဘယ်လောက် စားသင့်သလဲ၊သောင်သင့်သလဲ?
တနေ့ကို အားဆေး သောက်မယ်ဆိုရင် 500 mg လောက်က စသောက်လို့ရပါတယ်။ အစာစားပြီးသောက်တာ ဆေးရဲ့ အာနိသင်ကို ပိုတက်စေတယ်လို့ လေ့လာတွေ့ရှိချက်များ အရ ဆိုထားပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
ကျေးဇူးပါဆရာ
ReplyDeleteကျေးဇူးတင်ပါတယ်။ဆရာ
ReplyDelete