အသားအရေ လှပဖို့ ဘာစားကြမလဲ (1)
ဒီတခေါက်ဆောင်းပါးကတော့ အမျိုးသမီးတွေ စိတ်ဝင်တစားရှိကြမယ့် ဆောင်းပါးပါ။ အခုခေတ်မှာ အသားအရေ တွေ ကို နည်းမျိုးစုံ နဲ့ ထိန်းသိမ်းလာကြတာကို တွေ့ရပါတယ်။ အသားအသောက်ဘက်ကကော အလှကုန်ပစ္စည်း ဘက်က ပါ သေချာ ဂရုတစိုက် လုပ်လာတာကို တွေ့ရပါတယ်။ ဒီဆောင်းပါး မှာတော့ အစားအသောက် နဲ့ဘပါတ်သတ်ပြီး အသားအရေ ကို ဘယ်လို ထိန်းသိမ်းကြမလဲ ကို ပြောပြပေးချင်ပါတယ်။
အစားအသောက် နဲ့ ထိန်းတဲ့ နေရာ မှာ တန်ဆေး လွန်ဘေး ဆိုတဲ့ အတိုင်း သင့်တင့် လျောက်ပတ်အောင် စားပေးရင် ရပါပြီ။ အသားအရေ လှစေတယ်ဆိုပြီး အဆမတန် လိုတာထက်ပိုပြီး စားသုံးမိရင် မလိုအပ်တဲ့ ဘေးထွက် ဆိုးကျိုးတွေ ရနိုင်ပါတယ်။ အထူးသဖြင့် ဖြည့်စွက် အားဆေးတွေ မလိုအပ်ပဲ သောက်မိတာမျိုးပါ။ အစားအသောက် ကနေ ဘေးဖြစ်စေနိုင်လောက်တဲ့ အဆင့် အထိ မဖြစ်နိုင်ပေမယ့်။ ဈေးကြီးပေးဝယ်သောက်နေရတဲ့ အသားအရေ အတွက် ကောင်းတဲ့လို့ ဆိုတဲ့ ဖြည့်စွက် အားဆေးတွေ ကတော့ မလိုအပ်ဘဲ အများကြီးသောက်မိရင် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။
အစားအသောက် အနေ နဲ့ ဘာတွေ စားသင့်လဲ ဆိုတော့
1. ပင်လယ်ငါး စားပေးဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ဆောလမွန်၊ တူနာ တို့လို ပင်လယ်ငါးတွေ မှာ အိုမီဂါ သရီးပေါ ကြွယ်ဝပါတယ်။ အိုမီဂါသရီး က ယောင်းယမ်းခြင်းကို သက်သာစေတဲ့ အတွက် ဝက်ခြံ ထွက်လို့ ယောင်ယမ်းပြီး နီရဲ နေတာကို သက်သာစေပါတယ်။ အထူးသဖြင့် နေရောင်ခြည်ဒါဏ်ကို မခံ နိုင်တဲ့ sensitive ဖြစ်တဲ့ အသားအရေ တွေ မှာဆိုရင် နေပူထဲ သွားပြီးရင် ဖြစ်တတ်တဲ့ မျက်နှာ နီရဲနေတာ ကိုလည်း သက်သာစေပါတယ်။ ဒီအပြင့် ဗီတာမင် E ကြွယ်ဝတဲ့ အတွက် ဓါတ်တိုးဆန့်ကျင် သတ္တိ ရှိသောကြောင့် အသားအရေ တွန့်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဇင့်ဓါတ် ပါဝင်တဲ့ အတွက်ကြောင့် လဲ အသားအရေ ပျက်စီးခြင်းမှ ကာကွယ်ပေးတဲ့ အပြင် အရေးပြား ပေါ်က အနာ လေးတွေ ကို ပါ အမြန် ကျက်စေပါတယ်။
2. ထောပတ်သီး စားပေးပါ။ ထောပတ်သီးမှာ အဆီ အများကြီးပါဝင်ပါတယ်။ ပါဝင်တဲ့ အဆီ ကလည်း ခန္ဓာကိုယ်အတွက် ကောင်းတဲ့ အဆီ တွေ ဖြစ်တဲ့ အတွက် အရေပြားယောင်ယမ်းခြင်း၊ အသားအရေ တွန့်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပြီး အသားအရေ ကိုဂတင်းရင်းစေပါတယ်။ ဒီ့အပြင် ဗီတာမင် E ပါဝင်တဲ့ အတွက် အသားအရေ ကို စိုစိုပြေပြေ ဖြစ်စေပါတယ်။ ဗီတာမင် C ပါဝင်တဲ့ အတွက် ခန္ဓာကိုယ် အတွင်းမှာ collagen ထုတ်လုပ်မှု့ကို များစေပြီး အသားအရေ ကို တင်းရင်းစေပါတယ်။ ထောပတ်သီး 100 ဂရမ်လောက် စားပေးခြင်ူ ဖြင့် တစ်နေ့တာ စားသင့်တဲ့ ဗီတာမင် E 10% နှင့် ဗီတာမင် C 17 % စားပြီးသားဂဖြစ်ပါတယ်။
3. သစ်ကြားသီး စားပါ။ သစ်ကြားသီးမှာ ကောင်းတဲ့ အဆီ တစ်မျိုး ဖြစ်တဲ့ အိုမီဂါ သရီးပါဝင်တဲ့ အတွက် ဝက်ခြံကြောင့် ဖြစ်တဲ့ ယောင်ယမ်းခြင်းကို သက်သာစေပါတယ်။ ဗီတာမင် E ပါဝင်တဲ့ အတွက် အသားအရေ ကို စိုပြေစေတဲ့ အပြင် ဇင့် ဓါတ် ပါတဲ့ အတွက် မျက်နှာပေါ် မှာ ဝက်ခြံကြောင့် ဖြစ်တဲ့ အနာတွေ ကို မြန်မြန်သက်သာစေပြီး အနာထဲ ဘတ်တီးရီးယား ပိုးများ ဝင်ရောက်ခြင်းမှ လည်း ကာကွယ်ပေးပါတယ်။ သစ်ကြားသီး ၃၀ ဂရမ် စားပေးခြင်း ဖြင့် တစ်နေ့တာ စားရမည့် ဇင့် ဓါတ် ရဲ့ 6% ကိုစားပြီးသား ဖြစ်ပါတယ်။
4. နေကြာစေ့ စားပေးပါ။ နေကြာစေ့မှာ ပါဝင်တဲ့ Linoleic acid က သုသေသနများ အရ အသားအရေ ခြောက်သွေ့ခြင်းကို ကာကွယ်ပေးပါတယ်။ နေကြာစေ့ ၃၀ ဂရမ် (လက်တဆုပ်စာ) စားပေးခြင်းဖြင့် တနေ့တာ လိုအပ်တဲ့ ဗီတာမင် E ရဲ့ 37% စားပြီသားဂဖြစ်စေတဲ့ အပြင် ဓါတ်တိုးဆန့်ကျင် ပစ္စည်းဂတစ်မျိုး ဖြစ်တဲ့ ဆီလီနီယမ် ကို လည်း 32% စားသုံးပြီးသား ဖြစ်ပါတယ်။
5. ကန်စွန်းဥ စားပေးပါ။ ကန်စွန်းဥ မှာ ဓါတ်တိုးဆန့်ကျင် ပစ္စည်း တစ်မျိုးဖြစ်တဲ့ ဗီတာမင် A ကြွယ်ဝတဲ့ အတွက် နေရောင်ကြောင့် အသားအရေ ပျက်ဆီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေ ခြောက်သွေ့ခြင်း၊ အသားအရေ တွန့်ခြင်းတို့မှ လည်း ကာကွယ်ပေးနိုင်ပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Comments
Post a Comment