ခြောက်လ အထက် ကလေး တွေ ကို ဖြည့်စွက်စာတ်ကျွေးတော့မယ် ဆိုရင် ဘာတွေထည့်ကျွေးသင့်သလဲ????



ဒီနေ့တော့ ကလေး တွေ ကို နေ့လည်စာ နှင့် ညစာ ဆန်ပြုတ်ကျွေးဖို့ အတွက် ပါဝင် ပစ္စည်းများ နှင့် ပြုလုပ်ပုံ အဆင့်ဆင့် ကို ပြောပြပေးချင်ပါတယ်။


ပြုလုပ်ပုံ


1. ကြက်သား (သို့) ငါး ကို ပြုတ်ပါ။

2. ပဲထည့်ပြုတ်ပါ။

3. ပဲနူးလာပြီ ဆိုရင် ကျန်တဲ့ ပစ္စည်းများ ကို ထည့်ပြီး ပြုတ်ပါ။

4. ဆား၊ အချိုမှုန့် လုံးဝ ထည့်စရာမလိုပါဘူူး။

5. နူးပြီး ပြဲနေအောင် ပြုတ်ပေးပါ။

6. အိမ်မှာ ကြိတ်စက်ရှိရင် အခုပြဲနေအောင် ပြုတ်ထားတာတွေ ကို ကြိတ်စက်ထဲ ထည့်ကြိတ်ပါ။ (အသက် လကျော်ရင် ကြိတ်စက်ထဲ ထည့်ကြိတ်စရာ မလိုတော့ပါ)

7. အိမ် မှာ ကြိတ်စက် မရှိရင်တော့ ဇွန်း ဖြင့် ချေပေးပါ။

8. အခု ဖော်ပြထားသည့် ပမာဏ က တစ်ကြိမ်စားဖို့အတွက် ဖြစ်ပါတယ်။ ဒါမျိုး တစ်နေ့ကို နှစ်ကြိမ် - သုံးကြိမ်ကျွေးပေးပါ။ 


ပါဝင်ပစ္စည်းများ


1. ထမင်း - ထမင်းစားဇွန်း ဇွန်း

2. မုန်လာဥနီ - လက် နှစ်ဆစ်

3. အရွက် တမျိုးမျိုး (ကန်စွန်းရွက်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီ) - လေးခက်

4. ပဲ တမျိုးမျိုး (ပဲနီလေး၊ ပဲဝါလေး၊ ကုလားပဲ) - လက်ဖက်ဇွန်း ဇွန်း

5. ပဲဆီ - လက်ဖက်စားဇွန်း ဇွန်း

6. ကြက်သား (သို့) ငါး - ကျပ်သား ခန့်  


လေးစားစွာဖြင့် 

ဒေါက်တာ ညီညီကျော်

Comments

Popular posts from this blog

လူပြောများနေတဲ့ အိုမီဂါ သရီး (Omega-3) အကြောင်း

လူကြီးတွေ ကို အာဟာရပြည့်အောင် ဘယ်လို ကျွေးကြမလဲ????