ကိုယ်အလေးချိန် လျှော့ချ နေသူများ နှင့် ထိန်းချင်သူများ အတွက် အသုံးဝင်မည့် စိတ်ပိုင်းဆိုင်ရာ လှည့်စား နည်းလမ်းအချို့။



ဝိတ်ချမယ် ဆိုတာနဲ့ လူအများသိထားကြတာတော့ အစားလျှော့စားတာပါပဲ။ ဒါပေမယ့် တကယ်တမ်း လျှော့စားဆိုရင် အရှိန်မသက်နိုင်ဘဲ စားစားမိသွားတတ်တာ လည်း တော်တော် များများဆီ ကနေ ပြန်ကြားနေရပါတယ်။ တကယ်တော့ ဒီလို လျှော့စားဖို့ဆိုတာ psychological approach (စိတ်ပိုင်းဆိုင်ရာ လှည့်စားမှု့) တွေ အများကြီးလိုပါတယ်။ ဘာ်လိုမျိုးတွေလဲ ဆိုတော့ 


(A) မနက်စာ နေ့လည်စာ ညစာ စားတဲ့ အခါ မှာ အနည်းဆုံး ၁၅-၃၀ မိနစ်ကြာအောင် စားပေးပါ။ ဒါမှ ဦးနှောက်က စားတဲ့ အချိန်ကြာကြာ လေ ဗိုက်သွားပြီဆိုတဲ့ ခံစားချက် ဖြစ်လေ ဖြစ်တဲ့ အတွက် စားစရာ မကုန်သေးခင်မှာပဲ စားချင်စိတ် အလိုလို ပျောက်သွားတတ်ပါတယ်။ ကုန်သွားခဲ့ရင်တောင် တော်ရုံတန်ရုံ ထပ်မယူဖြစ်တော့ပါဘူး။


(B) ဇွန်း ခရင်း နဲ့ စားတတ်တဲ့ အကျင့် လုပ်ပါ။

ဇွန်း၊ခရင်း နဲ့ စားတတ်တဲ့ အကျင့်က လည်း ဝိတ်ချတဲ့ နေရာ မှာ အလွန် အသုံးဝင်ပါတယ်။ စားတဲ့ တလုပ်စာ က လည်း ပုံမှန်စားနေကျ တလုပ်စာ ပဲ ထည့်စား တတ်ဖို့ လိုပါတယ်။ တလုပ် စားပြီးတိုင်း ဇွန်းခရင်း ကို တစ်ခါချပြီး သေချာကျေညက်အောင် ဝါးစားပေးတာလဲ ဝိတ်ချတဲ့ နေရာမှာ အကျိုးရှိတဲ့ နည်းလမ်းကောင်းတစ်ခုပါ။


(C) ထမင်း မစားခင် ပာင်းချို တစ်ခွက် အရင်သောင်ပေးတဲ့ နည်းလမ်း ကလည်း စားရမယ့် အစာ ပမာဏ ကို သုံးပုံ တစ်ပုံလောက် အထိ လျှော့ချပေးနိုင်ပါတယ်။ ပာင်းချိုသောက်ပြီးရင် အရွက်ကြော်တစ်ခုခု ကို နှစ်ဇွန်း သုံးဇွန်း အရင်စားပါ။ ပြီးရင် အသားစစားပြီး နောက်ဆုံးမှာ ထမင်း ကို စစားပါ။ ဒါဆိုရင် ကယ်လိုရီ အများဆုံး ဖြစ်တဲ့ ထမင်း ကို စားတာ လည်း အလိုအလျောက် နည်းသွားပါတယ်။ 


(D) အသားစားတော့ မယ် ဆိုရင် လတ်လတ်ဆက်ဆက် မဟုတ်ပဲ ပြုပြင်ထားတဲ့ အသားချောင်း ကြက်အူချောင်း ဝက်အူချောင်း အသားလုံး စတာတွေ ကတော့ ရှောင်သင့်ပါတယ်။ ထို အသားချောင်း အသားလုံးတွေ မှာ တိရိစ္ဆာန် က ရတဲ့ အဆီ ပါဝင်မှု့ များတဲ့ အပြင် ဆား ပါဝင်မှု့ များတဲ့ အတွက် ကျန်းမာရေးအတွက် မသင့်တော်ပါ။ ကယ်လိုရီ ပါဝင်မှု့များလို့ ဝိတ်တက် စေတဲ့အပြင် ဆားပါဝင်မှု့ များတဲ့ အတွက် သွေးတိုးနှင့် အခြား ဆက်စပ်ရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အသားစား မယ်ဆိုရင် လတ်လတ်ဆက်ဆက် အသားငါး ကို ရွေးစားဖို့လိုတဲ့ အပြင် အသား စားရင်လည်း ဆီပါဝင်မှု့ နည်းအောင် အရေခွံ ကလီစာ သုံးထပ်သား အခေါက် စတာတွေ ကို လုံးဝရှောင်ဖို့လိုပါတယ်။ 

ဥပမာ - ဝက်သား စားမယ် ဆိုရင် အသားချည်း စားပြီး အဆီတုံးတွေ ဖယ်ပစ်လိုက်တာမျိုး။

ကြက်သားစားရင် အရေခွံ ဖယ်စားတာမျိုး၊ ကြက်ဆီဗူးစားတာ မျိုးရှောင်သင့်ပါတယ်။ 


အထူးသဖြင့် သွေးတွင်း ကိုလက်စထရော များသူတွေ ဆိုရင်တော့ ကိုလက်စထရော ပါဝင်မှု့များတဲ့ ဆိတ်သား၊ ဝမ်းတွင်း ကလီစာ၊ ကြက်အသည်း၊ အမဲ အသည်း၊ ဝက်အသည်း၊ ဝက်ဦးနှောက်၊ ဆိတ်ဦးနှောက်၊ ပုဇွန်ခေါင်း၊ ပုဇွန်ဆီ၊ အခြားသော seafood တွေကို ရှောင်ကြဉ်သင့်ပါတယ်။

ကယ်လိုရီ အပြင် ကိုလက်စထရော ပါများတဲ့ အတွက် သွေးတိုး နှလုံးဆီးချို စတဲ့ ရောဂါ တွေ ဖြစ်ပွားစေပါတယ်။


လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်


Comments

Popular posts from this blog

လူပြောများနေတဲ့ အိုမီဂါ သရီး (Omega-3) အကြောင်း

ခြောက်လ အထက် ကလေး တွေ ကို ဖြည့်စွက်စာတ်ကျွေးတော့မယ် ဆိုရင် ဘာတွေထည့်ကျွေးသင့်သလဲ????

လူကြီးတွေ ကို အာဟာရပြည့်အောင် ဘယ်လို ကျွေးကြမလဲ????