ကိုဗစ် အဖြစ်များလာကြပြီဆိုတော့ မကြာခင် ဘာတွေ တည့်တယ်၊ မတည့်ဘူး၊ စားရမယ်၊ မစားရဘူးဆိုပြီး ပေါ်လာတွေ ရှိလာပါတော့မယ်။ သတိထားပါ၊ တခါတလေ အသိပညာ မဟုတ်ပဲ အဆိပ်ပင်ရေလောင်းသလို ဖြစ်သွားနိုင်ပါတယ်။
တကယ်တော့ ကိုဗစ် အတွက် ဆိုပြီး special diet/ အစားအစာ ရယ်လို့ မရှိပါ။ သာမာန်စားနေကြကို ကျန်းမာရေးနှင့် ညီညွှတ်အောင်စားရင် ရပါပြီ။
(ချွင်းချက် - ICU patients တွေမှာတော့ medical nutrition guidelines သပ်သပ်ရှိပါတယ်)
တည့်သည့် အစားအစာများ
- အသား၊ ငါး
- ပဲ
- ကြက်ဥ၊ ဘဲဥ၊ ငုံဥ
- နို့
- ဆန်၊ ဂျုံ၊ ပြောင်း
- အသီးအနှံ၊ ဟင်းသီးဟင်းရွက်
- အစေ့အဆန်
- အရိုးပြုတ်ရည် (အသားပါ ထည့်စားရပါမည်)
မတည့်သည့် အစားအစာများ
- ချိုလွန်းသော၊ သဘာဝ အချိုမဟုတ်သော အစားအစာများ
- ငန်လွန်းသောအစားအစာများ
- လက်လုပ်ချဉ်များ
အစာစားချိန်
- မနက်စာ
- နေ့လည်စာ
- အဆာပြေ
- ညစာ
- ည အဆာပြေ (လိုအပ်မှ) ဆိုပြီး စားပါ
အားလုံးပဲ ဂရုစိုက်ကြပါ။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Comments
Post a Comment