လူမမာအတွက် ဆန်ပြုတ်ပြုတ်နည်း



နေမကောင်းဖြစ်ရင် လူနာတွေ က ထမင်းလဲ မစားချင်၊ မစားနိုင်ကြတော့ စားရလွယ်တဲ့ ဆန်ပြုတ်ကိုပဲ ပိုကျွေးလာကြပါတယ်။


ဆန်ပြုတ်ဆိုရင် လဲ ဆန်ချည်းပဲ မပြုတ်ပဲ နည်းနည်းစားရင်တောင် အာဟာရအတော်အတန်ပါ အောင် ပြုတ်တတ်ဖို့လိုပါတယ်။.


ပြုတ်နည်း

  1. ဆန် ထမင်းစားဇွန်း ဇွန်း/ ထမင်း -၈ဇွန်း 
  2. ဆီ လက်ဖက်စားဇွန်း ဇွန်း (ဆန်စပြုတ်ကတည်းက ထည့်ပြုတ်ပါ)
  3. ပဲနီလေး ထမင်းစားဇွန်း ၁ဇွန်း
  4. ကြက်သား/ ငါး တုံး (ကြက်သားဆိုရင် နူးအိနေအောင် ပြုတ်ပြီးရင် ဆယ်ပြီး အသားကို အမျှင်လိုက် ဖြစ်အောင် နွှင်ပေးပါ၊ မဟုတ်ရင် လူမမာ က မဝါးနိုင်ပါ)
  5. ကြက်ဥ အပြည့်တစ်လုံး၊ အကာတလုံး (ကြက်ဥထည့်ရာတွင် အလုံးလိုက် ဖောက်မထည့်ပါနှင့် အခဲလိုက်ဖြစ်ပြီး လူမနာမဝါးနိုင်ပါ။ ဒါကြောင့် အပြင် ဇလုံမှာ အရင် ခလောက်ပါ၊ ဆန်ပြုတ် ပွက်ပွက်ဆူမှ ကြက်ဥခေါက်ထားတာကို ထည့်ပြီး အဆင်မပြတ်မွှေပါ၊ ဒါဆိုရင် အမျှင်လိုက်ဖြစ်ပြီး လူမမာ လဲ သိပ်ဝါးစရာမလိုတော့ စားလို့အဆင်ပြေပါတယ်)
  6. ဆားအနည်းငယ်
  7. ငရုတ်ကောင်း အနည်းငယ်
  8. အသီးအရွက် ကတော့ ပါလေရုံသာထည့်ပါ။ မထည့်လဲ ရပါတယ်။ (ဆန်ပြုတ်မှာ အသီးအရွက် တွေချည်း အရမ်းများနေရင် တခြား အရေးကြီးတဲ့ ကာဗိုဟိုက်ဒရိတ်၊ အသား၊ အဆီ ဓါတ်တွေ ရတာ နည်းသွားနိုင်ပါတယ်


အခု ပြုတ်နည်း ကတော့ အစာ သိပ်မဝင်နဲ့ လူနာတွေ မှာ ဝင်ရင်ဝင်သလောက် အာဟာရှိအောင် လုပ်ထားတဲ့ ဆန်ပြုတ် ပြုတ် နည်း ဖြစ်ပါတယ်။ 


အရေးကြီးဆုံးအချက်ကတော့ ဆန်ပြုတ် ကို ကျဲတောက် နေအောင် မကျိုဖို့လိုပါတယ်။ အရည်ကျဲလေ အာဟာရနည်းလေပါ။ နည်းနည်းပဲ စားနိုင်တဲ့ လူနာမှာ နည်းနည်းစားတာနဲ့ အာဟာရ အတော်အတန်ရအောင် ပြုတ်ဖို့ လိုအပ်ပါတယ်။ 


လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော် 


Comments

Popular posts from this blog

လူပြောများနေတဲ့ အိုမီဂါ သရီး (Omega-3) အကြောင်း

ခြောက်လ အထက် ကလေး တွေ ကို ဖြည့်စွက်စာတ်ကျွေးတော့မယ် ဆိုရင် ဘာတွေထည့်ကျွေးသင့်သလဲ????

အသားအရေ လှပဖို့ ဘာစားကြမလဲ (1)