လူကြီးတွေ ကို အာဟာရပြည့်အောင် ဘယ်လို ကျွေးကြမလဲ????



အသက်ကြီးလာတာ နှင့်အမျှ လူကြီးတွေ ဟာကလေးတွေ လို ပြန်ဖြစ်သွားကြတယ်။ အထူးသဖြင့် အစားကျွေးရ ခက်လာတယ်။ ဟိုဟာဆို မစားဘူး ဒီဟာဆို အနံ့ မကြိုက်ဘူးဆိုပြီး နည်းမျိုးစုံနဲ့ ငြင်းပြီး မစားတာကြာတော့ အာဟာရတွေ ချို့တဲ့လာ ပြန်ပါတယ်။ 


အသက် ၆၀-၇၀ ကျော်လာတာနှင့် အမျှ Senior Citizens လို့ အသိအမှတ် ပြုခံရတဲ့ လူကြီးတွေ ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ လည်း လူဦးရေ မနည်းပါဘူး။ သူတို့အသက်အရွယ် မှာ စိတ်ဓါတ်ကျနေတတ်ကြသလို၊ ဆက်စပ် ပြီး အစားအသောက် ပျက် ကာ စိတ်ထောင်းကိုယ်ကြေ ဖြစ်တတ်တဲ့ အရွယ်ပါ။ ဒါကြောင့် လူကြီးတွေ ကို အာဟာရပြည့်ဝ အောင် ကျွေးတတ်ဖို့ အခုလို ဖော်ပြပေးလိုက်ပါတယ်။ 


1. အသက်ကြီးလာတာ နှင့် အမျှ လူကြီးတော်တော် များများ က အသား အနံ့ တွေ မခံနိုင်တော့ပါဘူး။ ဒါကြောင့် သူတို့ ထမင်းစားရသ်ဂအသား သိပ်မစားဖြစ်တော့ဘဲ ငါးခြောက်တို့ လက်လုပ်ချဉ်တို့ကို သာ အလေးပေးစားလာကြပါတယ်။ အကျိုးဆက်ကတော့ ဆားစားတာများသွားပြီး သွေးတွေ တိုးလာစေပါတယ်။ ငါးခြောက်မှာ ပါတဲ့ အသားဓါတ် က ဘာမှ အသုံးမဝင်တော့ဘူးလို့ပြောလို့ရပါတယ်။ ငါးခြောက်စားနေတာပဲ အသားဓါတ် ရမှပေါ့လို့ ယူဆလို့ မရပြန်ပါဘူး။ ဒါကြောင့် လူကြီးတွေ အသား မစားချင်ရင် ငါးဖြစ်ဖြစ် ကြက်ဥ ဖြစ်ဖြစ် ကို ပုံစံ မျိုးစုံ လုပ်ကျွေးပေးဖို့လိုပါတယ်။ လူကြီးတော်တော်များများ က အသား မစားချင်တော့ဘူးဆိုပေမယ့် မဖြစ်မနေ စားရတော့မယ် ဆိုရင် ငါး နှင့် ကြက်ဥ ဆိုရင်တော့ သူတို့ စားနိုင်ကြပါတယ်။ ဒါကြောင် ငါး ကို သူတိူ့ ပါးစပ် နှင့် ကိုက်မယ့် အရသာမျိုး ကို ချက်ကျွေးသင့်ပါတယ်။

2. အရမ်း စပ်တာတွေ ရှောင်ကျွေးပါ။ ပြဿနာ ကတော့ လူကြီးတွေ မှာ အစားသီး တာ ခဏခဏ ဆို သလို ဖြစ်တတ်ပါတယ်။ ပုံမှန် အစားအစာ စားရင်တောင် ခဏခဏ သီးတတ်တော့ အရမ်းစပ်တဲ့ အစားအစာ တွေ စားပြီး သီးရင် ပိုခံရခက်ပါတယ်။ နောက်ပြီး အရမ်း စပ်လွန်းရင် ဝမ်းလျှောတတ်ပါတယ်။ လူငယ်တွေ မှာ တော်ရုံတန်ရုံ ဝမ်းလျှော တာက ပြဿနာ အကြီးအကျယ် မဟုတ်လှပေမယ့် လူကြီးတွေ မှာ တော့ အလံယ်တကူ အသက်ဆုံးရှုံးစေနိုင်ပါတယ်။

3. နည်းနည်း စားပြီး များများ အာဟာရ ဖြစ်စေမယ့် အစားအစာ တွေ ကို ကျွေးဖို့လိုအပ်ပါတယ်။ အကောင်းဆုံး ဥပမာ ကတော့ ကြက်ဥပူတင်းပါ။ လူကြီး တွေ က အသက်ကြီးလာတာ နှင့် အမျှ အသားစားနှုန်း တွေလက စိစိ သာသာ ကြလာတော့ အသားဓါတ်တွေ လည်း ချို့တဲ့ လာတတ်ပါတယ်။ ဒါကြောင့် ကြက်ဥပူတင်း လို မုန့်မျိုးဆိုရင်ဂသူတို့ အတွက် အသားဓါတ်၊ အဆီဓါတ်၊ ကစီဓါတ် တွေ စုံလင်စွာ ပါဝင်တဲ့ အတွက် စားသုံးသင့်ပါတယ်။ ဒါမှ မဟုတ် ပဲ ကို အခြေခံပြီး လုပ်တဲ့ မြန်မာမုန့်တွေ ဖြစ်တဲ့ မုန့်လိပ်ပြာ၊ တိုဟူးသုပ် စတာတွေ ကလည်း အာဟာရ ဖြစ်စေပါတယ်။

4. အသီးအနှံ ကျွေးပေးပါ။ ဒီနေရာ မှာ သတိတားရ မှာ ကတော့ အမှည့်လွန်နေတာမျိုး မကျွေးသင့်ပါဘူး။ ဝမ်းလျှောစေနိုင်ပါတယ်။ တချို့ လူကြီးတွေ က အသီဒအနှံ တွေ မဝါးနိုင်တော့၊ အစာမကြေတော့ တဲ့ အတွက် အသီးစားဖို့လည်း ကြောက် ကြပြန်ပါတယ်။ အဲ့လို အခြေအနေ ဆိုရက် တော့ အသီးစစ်စစ်ဖျော်ရည် လုပ်ပေးလိုက်ပါ။ အဓိက လူကြီးတွေ မှာ ဝမ်းအရမ်း ချုပ်တတ်တဲ့ အတွက် ဝမ်းမှန်အောင် အမျှင်ဓါတ် လုံလောက်စွာရဖို့ကတော့ အသီးစားပေးတာ ဖြစ်ဖြစ် အသီးစစ်စစ် ဖျော်တိုက်တာ ဖြစ်ဖြစ် လုပ်ပေးသင့်ပလတယ်။ 

5. အရည်သောက် အနေနဲ့ ပဲဟင်းချိုလိုမျိုးတိုက်ပေးပါ။ အာဟာရ ပိုပြည့်ပါတယ်။ သီးစုံပဲဟင်း ဆိုရင် လူကြီးတွေ အတွက် ပိုတောင်ကောင်းပါတယ်။ အသီးအရွက်တွေ ပါ တခါတည်း စားပြီးသား ဖြစ်သွားပါတယ်။ မသိုးနေဖို့တော့သတိထားပေးပါ။

6. အသက်ကြီး လာရင် အပြေားတွေ တွန့်လာတဲ့ အတွက် ဗီတာမင် ဒီ ကို မပြုလုပ်ပေးနိုင်တော့တဲ့ အတွက် ဗီတာမင်ဒီ ချို့တဲ့တာ တွေ ဖြစ်တတ်ပါတယ်။ ဒီပြဿနာ ကတော့ အခုနောက်ပိုင်း နွားနို့တွေ မှာ ဗီတာမင် ဒီ ထပ်ထည့်ပြီး ထုတ်လာကြတဲ့ အတွက် နွားနို့သောက်ရင် အဆင်ပြေပါတယ်။ တချို့နွားနို့ မကြိုက်တဲ့ သူတွေ ကတော့ အားဆေး သောက်ဖို့ အတွက် သက်ဆိုင်ရာ ဆရာဝန် နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါတယ်။


လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော် 


Comments

Popular posts from this blog

လူပြောများနေတဲ့ အိုမီဂါ သရီး (Omega-3) အကြောင်း

ခြောက်လ အထက် ကလေး တွေ ကို ဖြည့်စွက်စာတ်ကျွေးတော့မယ် ဆိုရင် ဘာတွေထည့်ကျွေးသင့်သလဲ????