အိုမီဂါ သရီး အကြောင်း တစေ့တစောင်း
အိုမီဂါ သရီး က ခန္ဓာကိုယ် အတွက်ကော ဦးနှောက် အတွက်ပါ အကျိုးကျေးဇူးများတဲ့ ဓါတ်တစ်မျိုးလို့ ပြောရင် မမှားပါဘူး။ သူ့မှာ ကျန်းမာရေး ကို အထောက်အကူ ဖြစ်စေတဲ့ အကျိုးများစွာရှိပါတယ်။
1. စိတ်ဓါတ်ကျရောဂါ ကို ကာကွယ်ပေးခြင်း။ ၂၁ ရာစု မှာ စိတ်ဓါတ်ကျခြင်း ဟာ လူတော်တော်များများ မှာ ကြုံတွေ့နေရတဲ့ စိတ်ကျန်းမာရေး တစ်ခုပါ။ လေ့လာတွေ့ရှိချက်တွေလအရ အိုမီဂါ သရီး ကြွယ်ဝတဲ့ အစားအစာ သို့မဟုတ် အိုမီဂါသရီး သောက်နေတဲ့ သူတွေ မှာ ဆိုရင် စိတ်ဓါတ်ကျရောဂါ ဖြစ်ပွားနှုန်း ကျဆင်းလာသလို စိတ်ဓါတ်ကျရောဂါ ဖြစ်နေတဲ့ သူတွေ မှာ လည်း ပြန်လည်ကောင်းမွန်လာတာ ကိုတွေ့ရပြန်ပါတယ်။ ALA, EPA, DHA စတဲ့ သုံးမျိုးရှိတဲ့ အိုမီဂါ သရီး တွေထဲ ကမှ EPA ကတော့ စိတ်ဓါတ်ကျရောဂါ မှာ အသုံးဝင်ပါတယ်။
2. မျက်စိအားကောင်းစေခြင်း - အိုမီဂါ သရီး တစ်မျိုး ဖြစ်တဲ့ DHA ကလည်း မျက်စိ ကျန်းမာရေး ကို အထောက်အကူ ပြုပါတယ်။
3. ကိုယ်ဝန်ဆောင်မိခင် နှင့် မွေးကင်းစ ကလေး တွေ အတွက်ဆိုရင်တော့ မိခင်က အိုမီဂါ သရီး ကြွယ်ဝတဲ့ အစားအစာ တွေ ဖြစ်တဲ့ တူနာငါး၊ ဆော်လမွန်၊ နှမ်းကြပ်စေ့၊ သံလွင်ဆီ စတဲ့ အစားအစာ တွေ ကို ပြည့်ဝအောင် စားပေးသင့်ပါတယ်။ ဒါမှ ကဘေးငယ်ကို နို့တိုက်တဲ့ အခါ ကလေးငယ်က အာဟာရ ပြည့်ပြည့်ဝဝ ရမှပါ။ ဒါမှ သာလျှင် မိမိရင်သွေးငယ်မှာ ဉာဏ်ကောင်းပြီး ကျန်းကျန်းမာမာ နှင့် ကြီးထွားဖွံဖြိုးစေ မှာ ဖြစ်ပါတယ်။ ကလေးငယ် ၆ လကျော် လို့ ဖြည့်စွက်စာ ကျွေးတာနဲ့ ပင်လယ်ငါး တစ်မျိုးမျိုး ကို တစ်ပါတ်နှစ်ကြိမ် ထည့်ကျွေးပေးသင့်ပါတယ်။
4. နှလုံးရောဂါ နှင့် လေဖြတ်လေငန်း ရောဂါ ကို အတိုင်းအတာဂတစ်ခု အထိ ကာကွယ်ပေးနိုင်ခြင်း။
5. သွေးတွင်း ကိုလက်စထရော တစ်မျိုး ဖြစ်သည့် Triglyceride ကို ကျစေခြင်း။
6. သွေးပေါင်ချိန် ကျစေခြင်း။
7. ကောင်းတဲ့ သွေးတွင်း ကိုလက်စထရော တစ်မျိုး ဖြစ်တဲ့ HDL ကို တက်လာစေခြင်း။
8. သွေးကြောအတွင်း သွေးခဲပိတ်ခြင်း ကို ကာကွယ်ပေးခြင်း။
9. ယောင်ရမ်းခြင်း ကို ကာကွယ်ပေးခြင်း။
10. ကလေးငယ်တွေ မှာ အဖြစ်များတဲ့ ADHD (Attention Deficit Hyperactivity Disorder) အာရုံစူးစိတ်မှု့နည်း၍ တက်ကြွလွန် ရောဂါ ရဲ့ လက္ခဏာ တွေ ဖြစ်တဲ့ ကလေးငယ်များ အရမ်းလှုပ်ရှား တက်ကြွခြင်း၊ စိတ်ဂနာမငြိမ် ဖြစ်ခြင်း စတဲ့ လက္ခဏာ တွေ ကို သက်သာစေနိုင်ပါတယ်။
11. အိုမီဂါသရီး က Metabolic Syndrome မှာလည်း အကျိုး သက်ရောက်မှု့ ရှိပါတယ်။ Metabolic Syndrome ဆိုတာ ဗိုက်ပူခြင်း၊ သွေးတိုးခြင်း၊ အင်ဆူလင် resistance တက်ခြင်း၊ သွေးတွင်း ကိုလက်စထရော Triglyceride တက်ပြီး HDL ကျခြင်း စတဲ့ရောဂါတွေ အစုံပေါင်းဖြစ်တာမျိုးကို ဆိုလိုပါတယ်။ ဒါကြောင့် အိုမီဂါသရီး က သွေးတိုးကျစေပြီး၊ မကောင်းတဲ့ ကိုလက်စထရော ကျစေကာ ကောင်းတဲ့ ကိုလက်စထရောတက်စေတဲ့ အပြင် insulin resistance ကိုပါကျစေတဲ့ အတွက်ကြောင့် Metabolic syndrome မှာ အကျိုးရှိပါတယ်။
12. တချို့သော Autoimmune ရောဂါတွေ မှာ အိုမီဂါသရီး က ယောင်ယမ်းခြင်း ကို သက်သာစေလို့ အထောက်အကူ ဖြစ်စေပါတယ်။ ဥပမာ - rheumatoid arthritis, ulcerative colitis, crohn’s disease, psoriasis
13. Cancer ရောဂါ များကို ကာကွယ်ပေးနိုင်ခြင်း - လေ့လာတွေ့ရှိချက်တွေ အရ အိုမီဂါ သရီးက အူမကြီးကင်ဆာ ဖြစ်ပွားမှု့ နှုန်း ကို ၅၅ % အထိလျှော့ချပေးနိုင်တယ်လို့ ဆိုကြပါတယ်။
14. အိုမီဂါသရီး က ယောင်ယမ်းခြင်းကို ကာကွယ်ပေးတဲ့ အတွက် လေပြွန်ယောင်လို့ ဖြစ်တဲ့ ပန်းနာရင်ကြပ်ရောဂါ မှာလည်း တဖက်တလမ်း က အထောက်အကူ ဖြစ်စေပါတယ်။
15. တချို့သော အရက်မသောက်ပဲ အသည်း အဆီဖုံးတဲ့ သူတွေ၊ အထူးသဖြင့် သွေးတွင်းကိုလက်စထရော များ၊ ကိုယ်အလေးချိန်များပြီး အသည်းအဆီဖုံးနေတဲ့ သူတွေ ဆိုရသ် အိုမီဂါ သရီး ကြွယ်ဝတဲ့ အစားအစာ တွေ စားဖို့ လိုအပ်ပါတယ်။ အိုမီဂါ သရီး က အသည်းအဆီဖုံးတာ ကို သက်သာစေပါတယ်။
16. အိုမီဂါသရီး က အရိုးတွေ ကိုပါ ကျန်းမာသန်စွမ်းစေတဲ့ အတွက်ရယ် ယောင်ယမ်းတာ ကို ကာကွယ်ပေးတဲ့ အတွက်ကြောင့် အဆစ်အမြစ်ရောင်ရောဂါ နှင့် အရိုးပွရောဂါတွေ မှာ လည်း အိုမီဂါသရီး ကြွယ်ဝတဲ့ အစားအစာတွေ စားသင့်ပါတယ်။
17. အိုမီဂါသရီး ကြွယ်ဝတဲ့ အစားအစာ တွေ စားပေးခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။
18. အိုမီဂါသရီး ကြွယ်ဝတဲ့ အစားအစာ တွေ စားပေးခြင်းဖြင့် အသားအရေ စိုပြေစေခြင်း၊ ဝက်ခြံ ထွက်ခြင်းမှ ကာကွယ်ပေးခြင်း၊ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးခြင်း၊ အရေးအကြောင်းများလျှော့နည်းစေပြီး အသားဗရ တင်းရင်းစေခြင်း။
19. အမျိုးသမီးတွေ ဓမ္မတာ လာနေစဉ် အချိန်မှာ ကိုက်ခဲတာတွေ ကိုလည်း သက်သာစေပါတယ်။
အိုမီဂါ သရီး ကြွယ်ဝသည့် အစားအစာများ
1. ဆော်လမွန်ငါး
2. တူနာငါး
3. ဆာဒင်းငါး (ငါးသေတ္တာ)
4. နှမ်းကြပ်စေ့
5. Chia Seeds
6. သစ်ချသီး
7. ပဲပုပ်စေ့
အိုမီဂါသရီး ကြွယ်ဝသည့် အစားအစာ များကို တပါတ် နှစ်ကြိမ် လောက် အနည်းဆုံးစားပေးသင့်ပါတယ်။ အစားအသောက်စားဖို့ အဆင်မပြေခဲ့ လျှင်လဲ အားဆေးသောက်လို့ အဆင်ပြေပါတယ် ခင်ဗျာ
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Comments
Post a Comment