ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း အသားဓါတ် လိုအပ်ချက်



ကိုဗစ် ဖြစ်ပြီးနောက်ပိုင်းမှာ အဖြစ်များ လာကြတာကတော့ မှတ်ဉာဏ်အားနည်းလာတာ၊ ဆံပင်တွေ ကျွတ်လာတာ၊ နုံးလာတာ စတာတွေ ကြုံတွေ့လာရတတ်ပါတယ်။ 


ကိုဗစ်မဖြစ်အောင် လက်ဆေးတာ၊ နှာခေါင်းစည်းတပ်တာ၊ လူစုလူဝေး ရှောင်တာ၊ ကာကွယ်ဆေးထိုးတာ၊ အာဟာရပြည့်အောင်စားတာ စတာတွေ လုပ်ထားရမှာ ဖြစ်သလို ဖြစ်ပြီးသွားရင် လဲ အထက်ပါ အတိုင်း ဆက်လုပ်နေရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုဗစ် က ဖြစ်ပြီး လဲ ပြန်ဖြစ်နိုင်လို့ပါ။


ဒါဆ်ုရင် ကိုဗစ်ဖြစ်ပြီး နလန်ထစ လူနာ တွေ မှာ ဘာတွေ အဓိက ထား ကျွေးသင့်သလဲ?


ကစီဓါတ် ဖြစ်တဲ့ ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ၊ ပေါင်မုန့်၊ ကန်ဇွန်းဥ၊ အာလူး စတာ တွေ ကို ပုံမှန်စားနေကြအတိုင်းစားရမှာ ဖြစ်ပြီး ကောင်းတဲ့ အဆီဓါတ် (Good fat) တွေ ဟင်းချင်ဆီ၊ အစေ့အဆန်၊ ထောပတ်သီး၊ ပင်လယ်ငါး စတာတွေကိုလဲမျှတ စွာ စားသောက် ပေးရမှာပဲ ဖြစ်ပါတယ်။ 


နောက်တခု အရေးကြီးတဲ့ အာဟာရဓါတ် ကတော့ အသားဓါတ်ပါ။ ကျွန်တော်တို့ လူမျိုးတွေ က အသားစားတာ အင်မတန် နည်းတဲ့ အတွက် ကိုဗစ် ဖြစ်ပြီးနောက်ပိုင်းမှာ အသားဓါတ် ကို ပြည့်အောင် သတိတရ နဲ့ သေချာ လိုက်စားပေးဖို့လိုအပ်လာပါတယ်။ 


အသားဓါတ် ပြည့်အောင် ဘာတွေ ဘယ်လောက် စားသင့်လဲ?


  1. အသား၊ ငါး တမျိုးမျိုး - -၁၀ ကျပ်သား 
  2. ကြက်ဥ အကာ - - လုံး
  3. ပဲအမျိုးမျိုး - ခွက်တဝက် မှ တစ်ခွက် ထိ
  4. နို့ - - ခွက် အထိ စားပေးသင့်ပါတယ်။


အကယ်၍ အားရှိအောင် ဆိုပြီး အိမ်မှာ ပေါင်းတဲ့ ကြက်ပေါင်းရည် တိုက်မယ် ဆိုရင်တော့ အသားပါ ထည့်ပြီးစားပေးဖို့လိုအပ်င့်ပါတယ်။ 


အခုလို ပြောခဲ့တဲ့ အသား၊ ငါး၊ ပဲ၊ ဥ၊ နို့ စတာတွေ ပြည့်အောင် ကျွေးပေးပါက ကိုဗစ်ဖြစ်ပြီးနောက်ပိုင်းမှာ အဖြစ်များတဲ့၊ မှတ်ဉာဏ် အားနည်းတာ၊ ဆံပင်ကျွတ်တာ၊ နုံးတာ စတာတွေ ကို အထိုက်အလျောက် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုဗစ်ဖြစ်ပြီး လူတွေမှာ အသားဓါတ် ပြည့်အောင် စားကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။


လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော် 





Comments

Popular posts from this blog

လူပြောများနေတဲ့ အိုမီဂါ သရီး (Omega-3) အကြောင်း

ခြောက်လ အထက် ကလေး တွေ ကို ဖြည့်စွက်စာတ်ကျွေးတော့မယ် ဆိုရင် ဘာတွေထည့်ကျွေးသင့်သလဲ????

လူကြီးတွေ ကို အာဟာရပြည့်အောင် ဘယ်လို ကျွေးကြမလဲ????