တုတ်ကွေး ကာကွယ်ဖို့ အထောက်အကူ ပေးသော အစားအစာ များ



Immune Booster for seasonal flu


1. အသားဓါတ်ပြည့်အောင် စားပါ။ အသားစားတဲ့ နေရာမှာ bio peptide ပါဝင်တဲ့ အသားဓါတ်ကြွယ်ဝတဲ့ အစားအစာ များ ကို အဓိက စားပေးရပါမည်။ ဥပမာ- Chicken essence ကြက်ပေါင်းရည် သောက်ပေးလို့ရပါတယ်။ (ကြက်ပေါင်းရည် နှင့် ကြက်ပြုတ်ရည် သည် မတူပါ။ ကြက်ပေါင်းရည် က အသားဓါတ် ကြွယ်ဝစွာပါဝင်ပြီး ကြက်ပြုတ်ရည် က ဆားနှင့် အဆီ ဓါတ် သာ အဓိက ပါဝင်နေတတ်ပါတယ်။ အကယ်၍ မိမိ အိမ်မှာ ကြက်ပေါင်းပါက အသားပါ မဖြစ်မနေ စားပေးရပါမည်။ အသင့်သောက် chicken essence သောက်ပါ က Bio peptide ပါဝင်တယ် ဆိုရင် သောက်လို့ရပါတယ်။ ဒီအပြင် ကြက်ဥ၊ ကြက်သား ဒ၊ ငါး၊ အမဲသား ဝက်သား၊ ပဲ စတာတွေလဲ စားပေးသင့်ပါတယ်။ 


2. ဗီတာမင်စီ အားဆေး ဒါမှ မဟုတ် ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာ တွေ များများ စားပါ။ 



3. ဗီတာမင် ဒီ ကြွယ်ဝတဲ့ အစားအစာ တွေ များများစားပါ။ လိုအပ်ရင် ဗီတာမင်ဂဒီ အားဆေးသောက်ပါ။ ဆရာဝန်နှင့် သေချာ တိုင်ပင်ပြီးမှ သောက်ပါ။


4. ဇင့် ဓါတ်ကြွယ်ဝတဲ့ အစေ့အဆန်များ၊ နှံစားအမျိုးမျိုး စားပေးပါ။


5. သံဓါတ် ကြွယ်ဝ တဲ့ဘအစားအစာ များဖြစ်တဲ့ ကန်ဇွန်းရွက်၊ ဟာင်းနုနွယ်၊ အနီရောင် အသားများ။ ကြက် အသည်း၊ အမဲ အသည်း၊ ဝက်အသည်း စားပေးပါ။


6. စီလီနီယမ် ကြွယ်ဝတဲ့ နှံစားများနှင့် မှို အမျိုးမျိုး ကိုစားပေးပါ။ 


7. Phytonutrients ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ ပဲပုပ်စေ့၊ ကန်ဇွန်းဥ၊ မုန်လာဥနီ၊ တိုဟူး စတာတွေ များများစားပေးပါ။


8. အမျှင်ဓါတ် ကြွယ်ဝအောင် အသီးအရွက်များများ စားပေးပါ။


9. သင့်တင့်လျောက်ပတ်သော လေ့ကျင့်ခန်း တစ်ခုခု (အပြင်းအထန် မဟုတ်) နေ့စဉ်လုပ်ပေးပါ။



တုပ်ကွေးအဖြစ်များတဲ့ အခုလိုအချိန်မှာ လိုက်လုပ်ပြီး တုပ်ကွေးရောဂါ ကို တဖက်တလမ်း ကနေ ကာကွယ်ပေးနိုင်ပါတယ်။


လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

Comments

Popular posts from this blog

လူပြောများနေတဲ့ အိုမီဂါ သရီး (Omega-3) အကြောင်း

ခြောက်လ အထက် ကလေး တွေ ကို ဖြည့်စွက်စာတ်ကျွေးတော့မယ် ဆိုရင် ဘာတွေထည့်ကျွေးသင့်သလဲ????

အသားအရေ လှပဖို့ ဘာစားကြမလဲ (1)