သတ်သတ်လွတ်စား နေတဲ့ သူများ အတွက် ကျန်းမာရေးနှင့် အညီ စားသောက်ပုံ



ပထမဦးစွာ သတ်သတ်လွတ် စားပုံ အမျိုးမျိုး ကွဲပါတယ်။ ကျွန်တော် အကြမ်းဖျင်း သိတထားတာကတော့ သတ်သတ်လွတ်ဆိုရင် အသားလုံးဝ မစားတော့ဘဲ အသီးအရွက်၊ ပဲ၊ ထမင်း စတာတွေ ပဲ စားတယ်လို့ သိကြပါတယ်။ အမှန်တော့ သတ်သတ်လွတ်စားနည်း မျိုးရှိပါတယ်။


1. Lacto-vegetarian - အသား၊ငါး၊ဥ မစားဘဲ အသီးအရွက်၊ ပဲ၊ နွားနို့နှင့် အခြားသော နို့ထွက် ပစ္စည်း များ စား တဲ့ သတ်သတ်လွတ်စားနည်း။


2. Ovo-vegetarian - အသား၊ငါး၊ နို့ နှင့် နို့ထွက်ပစ္စည်း မစားဘဲ၊ အသီးအရွက်၊ပဲ၊ အမျိုးမျိုးစားခြင်း။



3. Lacto-ovo vegetarian - အသား။ ငါး မစားဘဲ အသီးအရွက်၊ ပဲ၊ နွားနို့နှင့် အခြားသော နို့ထွက် ပစ္စည်း များ၊ ဥအမျိုးမျိုး စားတဲ့ သတ်သတ်လွတ် စားနည်း။ 


4. Pescatarian- ငါးစားပြီး တခြား အသား၊ နို့၊ အမျိုးမျိုး မစားတဲ့ သတ်သတ်လွတ်စားနည်း။



5. Pollotarian- ကြက်သား၊ ကြက်ဥ သားစားပြီး တခြား အသား၊ငါး၊ နို့ထွက် ပစ္စည်း များ မစားတဲ့ သတ်သတ်လွတ်စားနည်း။


6. Vegan - ဒါကတော့ အရမ်းရှင်းပါတယ်။ အသီးအရွက်၊ ပဲ၊ ထမင်း၊ ဂျုံ၊ ပြောသ်း ကလွဲ ရင် အခြား မည်သည့် အသား၊ ငါး၊ အမျိုးမျိုး၊ နို့ နှင့် နို့ ထွက်ပစ္စည်း များ ကို မစားတဲ့ သတ်သတ်လွတ် စားနည်းပါ။




သတ်သတ်လွတ်စား နေတဲ့ သူအတွက် ကျန်းမာရေး နှင့်လအညီ ဘာတွေ စားသင့်သလဲ ဆိုတာ ကို ဖော်ပြပေးသွားပါမယ်။ 

အခုဖော်ပြထားတဲ့ ပမာဏ ကတော့ တနေ့တာ ကယ်လိုရီ ၂၀၀၀ စားရမယ့် ပုံစံ ပေါ် မှာ တွက်ပေးထားတာ ဖြစ်ပါတယ်။


တစ်နေ့တာ ဘာတွေ စားရမလဲ ဆိုတော့ -

1. အရွက် (ကြော်ပြီးသား) - တရုတ် ကန်းကန်လုံး ခွက်ခွဲ (အစိမ်းရောင် အရွက်၊ အနီရောင်၊ အဝါရောင် ဟင်းသီးပာင်းရွက် ပါဝင်အောင်စားပေးရပါမယ်)


2. အသီး အနှံ - တရုတ်ပန်းကန်လုံး ခွက်


3. ထမင်း - တရုတ်ပန်းကန်လုံး လုံး (  whole grain ပေါင်မုန့်၊ ဆန်လုံးညို စတာတွေ ကို ထည့်စားပေးရင် ပိုကောင်းပါတယ်)


4. နွားနို့ - ၂၅၀ ml ခွက်


5. ပဲ အမျိုးမျိုး - တရုတ်ပန်းကန်လုံး တစ်ခွက် 


6. ကြက်ဥ စားပါက - တရက် တစ်လုံး 


7. အစေ့အဆန် များ - ၆၀ ဂရမ် 


8. ဆီ - ထမင်းစားဇွန်း ဇွန်း 


သတ်သတ်လွတ်စားတဲ့ သူတွေ အထူး သတိ ပြု သင့်တာ ကတော့ မုန့်အချို တွေပါ။ သတ်စတ်စားတဲ့ သူအများစု ဟာ အချို ကို အများကြီးစားလာကြတာ ကို သတိပြုမိမှာပါ။  အဲ့ဒီကနေ တဆင့် ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ စတာတွေ ဆက်စပ် ဖြစ်လာတတ်ပါတယ်။ 


အရေးကြီးတဲ့ အချက် ကတော့

1. ဗီတာမင် D နှင့် ကယ်လဆီယမ် ကြွယ်ဝ တဲ့ အစားအစာ တွေ ဖြစ်တဲ့ နွားနို့၊ ဒိန်ခဲ၊ ပန်းပွင့်စိမ်း၊ ကိုက်လန်၊ အစိမ်းရင့်ရောင် အရွက် များများ စားပေးရပါမယ်။


2. ဗီတာမင် B12 က အသား၊ ငါးတွေ မှာ အဓိက ပါဝင်တဲ့ အတွက် သတ်သတ်လွတ် စားနေတဲ့ သူတွေ အတွက် အစားအစာ က ရဖို့ ခက်ခဲပါတယ်။ စားမယ် ဆိုရင်လည်း ဗီတာမင် B12 ထပ်ဖြည့်ထားတဲ့ စီရီယယ် လိုမျိုး စားပေးလို့ရပါတယ်။ အဲ့ဒါတွေ မစားဖြစ်ရင်တော့ B complex အားဆေး တစ်မျိုးမျိူး သောက်သင့်ပါတယ်။


3. အသားဓါတ် ကြွယ်ဝဖို့ အတွက် ပဲ အမျိုးမျိုး၊ နွားနို့ စားသောက်ပေးပါ။ ကြက်ဥ စားတယ်ဆိုရင် တော့ ကြက်ဥ အကာ လုံးလောက် စားပေးပါ။ 


4. အိုမီဂါ သရီး ရဖို့ အတွက် ပဲပုပ်စေ့ ဆီ၊ canola oil flaxseed oil အစေ့အဆန်များ ဗာဒံစေ့၊ walnuts စတာတွေ စားပေးပါ။


5. သံဓါတ် ကြွယ်ဝ တဲ့ အစိမ်းရင့်ရင့် အရွက်များ၊  ဂျုံကြမ်းပေါင်မုန့်၊ ဆီရီယယ်၊ အသီးခြောက် စတာတွေ စားပေးပါ၊ စားတဲ့နေရာ မှာ သံပုရာ ရည် သို့မဟုတ် လိမ္မော်ရည် စတဲ့ ဗီတာမင် စီ ကြွယ်ဝ တဲ့ အစားအစာ တစ်ခုခု နဲ့ ရော စားသင့်ပါတယ်။


6. ဇင့်ဓါတ် ကြွယ်ဝ ဖို့အတွက် ဂျုံကြမ်းပေါင်မုန့်၊ ပဲ အမျိုးမျိုး စတာတွေ စားပေးရပါမယ်။


7. အိုင်အိုဒင်း ဓါတ်ကြွယ်ဝ တဲ့ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ကန်စွန်းဥ စတာတွေ စားပေးသင့်ပါတယ်။




လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်


Comments

Popular posts from this blog

လူပြောများနေတဲ့ အိုမီဂါ သရီး (Omega-3) အကြောင်း

ခြောက်လ အထက် ကလေး တွေ ကို ဖြည့်စွက်စာတ်ကျွေးတော့မယ် ဆိုရင် ဘာတွေထည့်ကျွေးသင့်သလဲ????

လူကြီးတွေ ကို အာဟာရပြည့်အောင် ဘယ်လို ကျွေးကြမလဲ????