သကြားညို (Brown Sugar) နှင့် သကြားဖြူ (Refine sugar) ဘာတွေ ကွာခြားမယ် ထင်လဲ????
အမေး-
(၁) ကျန်းမာရေး အကျိုးပြုပုံ
(၂) အရသာ၊ အရောင်အဆင်း
(၃) ကယ်လိုရီ
အဖြေ - (၂) အရသာ၊ အရောင်အဆင်း
သကြားညိုမှာ က molasses ပိုပါတဲ့ အတွက် အရောင် ရှိပါတယ်။ မုန့်ဖုတ်လုပ်ငန်း တွေ မှာ မုန့်အရောင်တက်အောင် အရောင်လှအောင် ပိုသုံးကြပါတယ်။
အနည်းငယ် ပိုချို သလို ရှိပေမယ့်၊ ထူးထူးခြားခြား သကြားဖြူ ထက် အရမ်းချိုလွန်းတာမျိုးတော့ မရှိပါ။
သကြားညို က ကျန်းမာရေး အတွက် ပိုကောင်းတယ် လို့ အများ က ထင်ကြပါတယ်။ ဒါကလဲ မဟုတ်ပါဘူး။ သေချာစဉ်းစားကြည့်ရင် သကြားညို မှာ တချို့သော သတ္တုဓါတ် တွေ ပိုပါတယ်လို့ တွေ့ရပါလိမ့မယ်။ ဥပမာ - ထုံးဓါတ်၊ သံဓါတ် တို့ပေါ့။ ဒါပေမယ့် American Heart Association (AHA) က ထုတ်ပြန်ထားတဲ့ စားလို့ရမယ့် ပမာဏ က တနေ့တာကို ကယ်လိုရီ ၁၀၀-၁၅၀ ထက် မပိုသင့်ပါဘူး။ ပမာဏ အရပြောရရင် လက်ဖက်စားဇွန်း ၆ ဇွန်း (၂၄ ဂရမ်) ထက်ပိုမစားသင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဘာသကြားပဲ ဖြစ်ဖြစ် အကျိုးရှိစေမယ့် အာဟာရပါဝင်မှု့နည်းလို့ဖြစ်ပါတယ်။ ပိုစားမိရင် အန္တရာယ်ပြန်ပေးနိုင်တဲ့ အတွက်ကြောင့်ပါ။ ဒါကြောင့် ဒီပမာဏ အပေါ်မှာ ပိုပါဝင်မယ့် သံဓါတ်၊ ထုံးဓါတ် ကလဲ ပြောပါ့လောက်မယ့် ပမာဏ မဟုတ်ပါဘူး။
နောက်တခု က သကြားညို က ဆီးချိုမှာ စားလို့ရတယ် ဆိုတာလဲ မဟုတ်ပါ။
ကယ်လိုရီ က တော့ အနည်းငယ်သာ ကွာခြားမှု့ရှိလို့၊ ပြောပါ့လောက်တဲ့ ပမာဏ မဟုတ်ပါဘူး။
ဒါကြောင့် အဓိက ကွာခြားမှု့သည် အရောင်အဆင်း အရသာ မှာ သာ ရှိပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Comments
Post a Comment