နာနတ်သီး စားရင် ဘာတွေ အကျိုးရှိမလဲ
နာနတ်သီး တရုတ် ပန်းကန်လုံး တစ်လုံး မှာ
* ကယ်လိုရီ - 82.5
* အဆီဓါတ် - 1.7 grams
* အသားဓါတ် - 1 gram
* ကာဗိုဟိုက်ဒရိတ် - 21.6 grams
* အမျှင်ဓါတ် - 2.3 grams
* Vitamin C: 131% of the RDI
* Manganese: 76% of the RDI
* Vitamin B6: 9% of the RDI
* Copper: 9% of the RDI
* Thiamin: 9% of the RDI
* Folate: 7% of the RDI
* Potassium: 5% of the RDI
* Magnesium: 5% of the RDI
* Niacin: 4% of the RDI
* Pantothenic acid: 4% of the RDI
* Riboflavin: 3% of the RDI
* Iron: 3% of the RDI
စီ အသီးသီး ပါဝင်ပါတယ်။
1. ဓါတ်တိုးဆန့်ကျင် သတ္တိ ရှိတဲ့ Flavonoid နှင့် Phenolic compound တွေပါဝင်တဲ့ အတွက် နာတာရှည်ရောဂါ တွေ ဖြစ်တဲ့ နှလုံးရောဂါ၊ ရောင်ယမ်းခြင်း နှင့် တချို့သော ကင်ဆာ ရောဂါများ ကို ကာကွယ်ပေးနိုင်ပါတယ်။
2. အစာခြေ အားကို လည်း ကောင်းစေပါတယ်။ အင်ဇိုင်း တစ်မျိုးဖြစ်တဲ့ Bromelain ဓါတ်ဟာ အစာခြေဖျက်တဲ့ နေရာ မှာ တဖက်တလမ်း က ပါဝင်တဲ့ အတွက် အစာခြေ ဖျက်ရခက်တဲ့ ရောဂါ တချို့ ဥပမာ - ပန်းကရိယ ရောဂါ တွေ မှာ ဆို ရင် အသုံးဝင်ပါတယ်။
3. ရောင်ယမ်း ခြင်း ကို သက်သာစေတဲ့ အတွက် အဆစ်အမြစ် ယောင်ယမ်းတဲ့ ရောဂါတွေ မှာ အသုံးဝင်သလို၊ အားကစားလုပ်လို့ ထိခိုက် ဒါဏ်ရာ ရလို့ ဒူးဆစ်ယောင်ယမ်း တဲ့ အချိန်တွေ မှာ ဆိုရင် လည်း သက်သာစေပါတယ်။
4. အမျှင် ဓါတ် လည်း ပါဝင်တဲ့ အတွက် ဝမ်းမှန်စေပါတယ်။
5. ဗီတာမင်စီ များလို့ ခွဲစိတ် ပြီးခါစ လူနာ တွေမှာ လည်း အနာအကျက် မြန်စေပါတယ်။
6. ဗီတာမင် စီ ကြွယ်ဝတဲ့ အတွက် ရာသီ အကူးအပြောင်း နှင့် ဆောင်းရာသီ တွေ မှာ အဖြစ်များတဲ့ နှာစေး ချောင်းဆိုး ရောဂါ တွေ ကို လည်း ကာကွယ်ပေးနိုင်ပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Comments
Post a Comment