ကလေးတွေကို ကြက်ဥ ဘယ်အချိန်ကျွေးကြမလဲ????




ကလေးတွေ ကို ကြက်ဥ ကျွေးမယ် ဆိုရင် အကောင်းဆုံး ကတော့ လပြည့်ရင် စစမ်းပြီး ကျွေးကြည့်ပါ။


စကျွေးတဲ့ နေရာ မှာ တည့်မတည့် ကို 


  1. ပထမ ရက်မှာ အကာချည်း တစ်ဇွန်းလောက် သေချာချေပြီးကျွေးကြည့်ပါ။ နာရီဝက်စောင့်ကြည့်ပါ။ အနီစက် အနီကွက် အင်ပြင်တွေ ထွက်မထွက် စောင့်ကြည့်ပါ။ မထွက်ရင် အကာနဲ့ တည့်ပါသည်။ အကာနဲ့ မတည့်တာ များပါသည်။
  2. နောက်တစ်ရက်မှာ အနှစ်ချည်း တစ်ဇွန်းလောက် ကျွေးကြည့်ပြီး နာရီဝက် တစ်နာရီလောက် စောင့်ကြည့်ပါ။ အနီစက် အနီကွက် အင်ပြင်တွေ ထွက်မထွက် စောင့်ကြည့်ပါ။ မထွက်လာဘူးဆိုရင် တည့်တယ် လို့ ယူဆလို့ရပါတယ်။ နောက်နေ့ဆို ဆက်ကျွေးလို့ အဆင်ပြေပါပြီ။ ဒါပေမယ့် ကလေးငယ်တွေ ကို ကျွေးတဲ့ နေရာမှာ အစိမ်းလုံးဝ မကျွေးသင့်ပါ။ အကျက် ပြုတ်ပြီး သေချာချေပြီးသာ ကျွေးရပါမယ်။ 


လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော် 

Comments

Popular posts from this blog

လူပြောများနေတဲ့ အိုမီဂါ သရီး (Omega-3) အကြောင်း

ခြောက်လ အထက် ကလေး တွေ ကို ဖြည့်စွက်စာတ်ကျွေးတော့မယ် ဆိုရင် ဘာတွေထည့်ကျွေးသင့်သလဲ????

လူကြီးတွေ ကို အာဟာရပြည့်အောင် ဘယ်လို ကျွေးကြမလဲ????