နွားနို့သောက်တော့မယ်ဆိုရင် အဆီထုတ်နို့ သောက်မှာလား၊ မလိုင်ပြည့်နို့ သောက်မှာလား????
နွားနို့ တခွက် (၂၅၀ ml) မှာ
အဆီထုတ် - ၉၀ ကယ်လိုရီ
မလိုင်ပြည့် - ၁၆၀ ကယ်လိုရီ ဆိုပြီး အကြမ်းဖျင်းရှိပါတယ်။
အဆီထုတ် နို့ (skimmed milk) နဲ့ မလိုင်ပြည့် ပါတဲ့ နို့ (full cream milk) နှစ်ခုလုံး မှာ တော့ အသားဓါတ် ပါဝင်မှုနှုန်း ကတော့ တူတူ ပါပဲ။ တခွက်မှာ 8 ဂရမ် ပါဝင်ပါတယ်။
ဘယ်လိုလူတွေ က အဆီထုတ် skimmed milk သောက်သင့်သလဲ?
- ဝိတ်ချနေတဲ့ သူများ (တပါတ် တကြိမ်လောက်တော့ မလိုင်ပြည့် နို့ သောက်ရင်တော့ အဆင်ပြေပါတယ်။ ဖြစ်နိုင်ရင် မြက်စား နွားရဲ့ နို့ ကို ပိုသောက်စေခြင်ပါတယ်၊ ဒါမှ ဗီတာမင် A,D,E,K စတဲ့ ဗီတာမင်တွေ တဖက်တလမ်း က ရမှာ ဖြစ်ပါတယ်။)
- ဆီးချိုရောဂါ ရှိသူများ
- ကိုလက်စထရော များသူများ
- နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူများ
- အသက် ၄၀ အထက် လူလတ်ပိုင်းများ (၂,၃,၄ ရောဂါ မရှိပါက မလိုင်ပြည့် နို့ တပါတ် ၁-၂ ကြိမ် အထိ သောက်နိုင်ပါသည်)
- ကြွက်သားတက်အောင် ကစားနေသူများ (၂,၃,၄ ရောဂါ မရှိပါက မလိုင်ပြည့် နို့ တပါတ် ၁-၂ ကြိမ် အထိ သောက်နိုင်ပါသည်)
- အရပ်ရှည်ချင်သူများ
- အရိုးပါး၊ အရိုးပွ ရောဂါရှိသူများ ကို တိုက်လို့ရပါတယ်။
ဘယ်လိုလူတွေ မလိုင်ပြည့် နွားနို့ သောက်သင့်သလဲ?
မလိုင်ပြည့်နွားနို့လို့ ဆိုတဲ့ နေရာမှာတော့ မြက်စားနွားလို့မျိုး နွားမှ ထုတ်ထားတဲ့ နို့လိုမျိုးဆိုပိုအဆင်ပြေပါတယ်။
- အသက် ၂ နှစ်အထက် ကလေး
- သက်ကြီးရွယ်အိုများ
- အာဟာရချို့တဲ့ လွန်းသူများ စတဲ့ သူတွေ မှာ တိုက်လို့ရပါတယ်။
နို့ကို တနေ့ ဘယ် နှစ်ခွက် သောက်သင့်သလဲ?
တနေ့ တခွက် တော့ သောက်သင့်ပါတယ်။ ဖြစ်နိုင်ရင် မနက် (၁) ခွက် ည (၁) ခွက် သောက်ပေးရင် ပို အဆင်ပြေပါတယ်။
နောက်နေ့တွေ မှာ နွားနို့နဲ့ပြုလုပ်လို့ရတဲ့ အစားအစာများ ကို လုပ်ပြပါအုံးမယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Comments
Post a Comment