မှတ်ဉာဏ်ကောင်းအောင် ဘယ်လို အာဟာရဓါတ်တွေ စားပေးသင့်လဲ?
မှတ်ဉာဏ်ကောင်းဖို့အတွက်ဆိုရင် တနေ့တာ စားနေတဲ့ အာဟာရဓါတ်တွေ ထဲ မှာမှ protein ဓါတ်၊ omega 3 fatty acids, antioxidants နှင့် choline ဓါတ်ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေ စားပေးသင့်ပါတယ်။
- Omega 3 fatty acids ကြွယ်ဝတဲ့ အစားအစာ ကတော့ အများ သိတဲ့အတိုင်း ပင်လယ်ငါးတွေဖြစ်ကြတဲ့ ဆော်လမွန်၊ တူနာ၊ ငါးကွမ်းရှပ်၊ ငါးတန် စတာအပြင်၊ အစေ့အဆန်တွေ ဖြစ်ကြတဲ့ မြေပဲ၊ နေကြာစေ့၊ သီဟိုစေ့၊ almond စတာတွေ စားပေးလို့ရပါတယ်
- Antioxidant ကြွယ်ဝတဲ့ အစားအစာများ ကတော့ - ဆနွင်းမှုန့်၊ ပန်းပွင့်စိမ်း၊ vitamin C ကြွယ်ဝတဲ့ အသီးအနှံများ၊ Dark Chocolate စတာတွေ စားပေးသင့်ပါတယ်။
- Choline ဓါတ်ကြွယ်ဝတဲ့ အစားအစာများ ကတော့ - ကြက်ဥ အနှစ်၊ ကြက်သား၊ အမဲသား နှင့် ငါးတွေမှာ ပါဝင်လေ့ရှိပါတယ်
- Protein (အသားဓါတ်)- သူကတော့ အရေးပါတဲ့ နေ့စဉ်လိုအပ်တဲ့ အာဟာရ ဓါတ်ပါ။ အသားဓါတ် ကတော့ အများသိတဲ့ အတိုင်း အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့ နှင့် နို့ထွက်ပစ္စည်းအမျိုးမျိုး တွေ ကနေ အဓိက ရပါတယ်။ ထို့အပြင် အခုနောက်ပိုင်း လွယ်လင့်တကူ သောက်လာကြတဲ့ အသင့်သောက် Chicken Essence (ကြက်ပေါင်းရည်) သောက်လို့လဲ အဆင်ပြေပါတယ်။ ဒီနေရာမှာ အရေးကြီး ဆုံး အချက် က ကြက်ပေါင်းရည် နှင့် အိမ်မှာ ကျွန်တော်တို့ ပြုတ်သောက်တဲ့ ကြက်ပြုတ်ရည် မှာ ပါဝင်တဲ့ အသားဓါတ် ပမာဏ ကတော့ မတူပါဘူး။ Chicken Essence (ကြက်ပေါင်းရည်) မှာ အသားဓါတ် ပို ပါဝင်တာကို တွေ့ရှိလာရပါတယ်။ သကြားဓါတ် နှင့် အဆီဓါတ် နည်းတဲ့ အမျိုးအစား ရွေးရင်တော့ ကျန်းမာရေး အတွက် ပိုအဆင်ပြေပါတယ်။ မှတ်ဉာဏ်စွမ်းအားကိုလဲ မြင့်တက်စေတာ ကို တွေ့ရှိလာ ပါတယ်။ အခုလို ကိုဗစ်ပြီး ခါစ မှတ်ဉာဏ် အားနည်းတယ်လို့ ခံစားရတယ်ဆိုရင် အပေါ် က ဖော်ပြထားတဲ့ အစားအစာ များ ကို ပိုပြီး စားပေးသင့်ပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Comments
Post a Comment