ဆီးချို ဝေဒနာရှင်တွေ ဘယ်လိုစားသောက်နေထိုင်သင့်သလဲ?



ကမ္ဘာပေါ်မှာ ဆီးချို ဖြစ်ပွားမှု့နှုန်း က တစ်နှစ်ထက် တစ်နှစ် တရှိန်ထိုးကို တက်တက်လာပါတယ်။ ပြောင်းလဲ တိုးတက်လာတာနှင့် အမျှ ဇိမ်ခံပစ္စည်းတွေ လည်းများလာသလို ကိုယ်လက်လှုပ်ရှားမှု့ ကလည်း မရှိသလောက်နည်းပါးလာပါတယ်။ဒါ့အပြင် အသင့်စား အစားအစာ တွေ၊ အချိုရည်တွေ၊ fast food ဆိုင်တွေများလာတာနှင့် အမျှ ခန္ဓာကိုယ် အလေးချိန်ကလည်း ကိုယ်သတိမထားမိတဲ့ အချိန်မှာ တော်တော်လေးများတက်လာတတ်ပါတယ်။ ဒီလိုမျိုး ဝလာတာရယ်၊ ကိုယ်လက်လှုပ်ရှားမှု့ နည်းလာတာရယ်က ဆီးချိုဖြစ်စေတဲ့ အဓိက တရားခံ နှစ်ခုပါ။


ဆီးချိုစဖြစ်နေပြီ ဆိုရင် အောက်ပါ အချက်လေးတွေ လိုက်လုပ်ဖို့ တိုက်တွန်းပါရစေ။


1. ထမင်း ကို သတ်မှတ်ထားတဲ့ ပမာဏ အတိုင်း စားပေးရပါမယ်။ ဒီနေရာမှာ ထမင်းလုံးဝ မစားရဘူးလို့ ကျွန်တော် မပြောပါဘူး။ မြန်မာလူမျိုးဖြစ်တော့ ထမင်းကတော့ စားချင်မှာပဲ။ ဒါပေမယ့် စားတဲ့အခါ မှာ ချင့်ချိန်ပြီးစားပေးဖို့လိုတယ်။ ဥပမာ နေ့လည်စာ ထမင်း ကို ထမင်းစားဇွန်း - ဇွန်းစားလို့ရပါတယ်။ စားတဲ့ နေရာမှာလည်း ဆန်ကို ရေငှဲ့ချက်ရင် ပိုကောင်းပါတယ်။ ပေါ်ဆန်းမွှေးအစားဂဆန်လုံးညို ဘာစမာတီ တို့စားလည်းရပါတယ်။ ဆန်လုံးညို တို့ ဘာစမာတီ တို့ က အမျှင်ဓါတ်များတဲ့ အတွက် ကိုလက်စထရော ကျစေတဲ့ အပြင် ပေါ်ဆန်းမွှေး ထက်စာရင် အဆာပိုခံပါတယ်။ ဒါပေမယ့် သကြားဓါတ်(carbohydrate) ပါဝင်တဲ့ ပမာဏ ကတော့ ပေါ်ဆန်းမွှေးနဲ့ မကွာပါ။ ဒါကြောင့် ထမင်းကို - ဇွန်းပဲ ထိန်းပြီးစားနိုင်တယ် ဆိုရင် ပေါ်ဆန်းမွှေးဆန် အဖြူ စားလို့ရပါတယ်။ အဲ့လို မပာုတ်ဘဲ မထိန်းနိုင်ဘူးဆိုရင်တော့ ဘာစမာတီ တို့ ဆန်လုံးညိုတို့စားပေးပါ။ သူတို့က - ဇွန်း လောက်စားရင် ဗိုက်ပြည့်သွားတတ်ပါတယ်။

2. အရွက်များများစားပါ- ဆီးချို ဝေဒနာရှင်တွေ မှာ ထမင်းကို စားနေကျထက် လျှော့ စားလိုက်ရတဲ့ အတွက် ဗိုက်မဝတဲ့ ပြဿနာဖြစ်တတ်ပါတယ်။ ဒါကို ဖြေရှင်းပေးဖို့ အကောင်းဆုံးနဲ့ အန္တရာယ် အကင်းဆုံး နည်းလမ်းမှာ ပာင်းသီးပာင်းရွက်များများ စားပေးတာပါပဲ။ အမျှင်ဓါတ် ကြွယ်ဝတဲ့ အပြင် ဗီတာမင်၊ သတ္တု များစွာပါဝင်တဲ့ အတွက် ဆီးချို ဝေဒနာရှင် တော်တော်များများမှာကြုံတွေ့နေရတဲ့ ဗီတာမင် နှင့်ဘသတ္တု ဓါတ်ချို့တဲ့နေတဲ့ ပြဿနာ ကို ပါဖြေရှင်းပြီးသား ဖြစ်သွားပါတယ်။

3. အမျှင် ဓါတ် ကြွာ်ဝတဲ့ oat meal လို မျိုးကို မနက်စာ အနေနဲ့ စားပေးပါ။ အမျှင် ဓါတ် များတဲ့ အတွက် သွေးတွင်း ကိုလက်စထရော ကို ကျစေ တဲ့ အတွက် ဆီးချို ထိန်းတဲ့ အနေရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ 

4. ထို့အပြင် oat meal စားဖြင်း ဖြင့် အလွယ်တကူ ဗိုက်ပြည့်လွယ်တဲ့ အတွက် စားတဲ့ ပမာဏ နည်းသွားတဲ့ အတွက် သွေးတွင်း သကြား တက်နှုန်း ကို ထိန်းပေးနိုင်ပါတယ်။ 

5. အသားပမာဏ ပြည့်မီအောင်စားပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ရဲ့ အဓိက ပြဿနာ ကတော့ အသားများများ စားတတ်တဲ့ အကျင့်မရှိတာပါပဲ။ အသားစားပေးခြင်းက အဆာပိုခံပါတယ်။ အသားသိပ်မစားကြတော့ ဗိုက်မပြည့်ကြ၊ ဗိုက်မပြည့်တော့ ထမင်းပိုစားမိ ကြပြီး ဆီးချိုက လည်းထိန်းမရ ဖြစ်သွားပါတယ်။ အနည်းဆုံး နေ့လည်စာ နဲ့ ညစာမှာ အသား ငါးကျပ်သားစီ စားပေးဖို့လိုပါတယ်။ ကြက်ဥ အကာလည်း အလျဉ်းသင့်ရင် သင့်သလို စားပေးသင့်ပါတယ်။

6. ပာင်းအနှစ်ကို တက်နိုင်သမျှရှောင်ပါ။ လုံးဝရှောင်နိုင်ရင်တော့ အကောင်းဆုံးပါ။ ဒါပေမယ့် မြန်မာလူမျိုးဖြစ်နေတော့ မြန်မာပာင်းကတော့ စားချင်မှာပဲ ဆိုတော့ ချက်ကတည်းက ဆီလျှော့ချက်တာမျိုး၊ ထမင်းစားရင် အသားပဲ ရွေးခပ်စားတာမျိုး လုပ်ပေးပါ။ ခပ်လိုက်တဲ့ အသားတုံးမှာ ကပ်နေတဲ့ အနှစ်နည်းနည်းလေးတွေနဲ့ ပဲ နယ်စားတတ်တဲ့ အကျင့်လုပ်ပါ။ စားပာင်း အနှစ်ချည်း သပ်သပ်ခပ်စားတာမျိုး လုံးဝ မလုပ်သင့်ပါဘူး။ .

7. အသီးစား လို့ရပါတယ်။ ဆီးချိုဝေဒနာရှင်တွေ မှာ အသီးလုံးဝ မစားရဘူးဆိုပြီး လွဲမှားနေတာတွေ တွေ့ရပါတယ်။ တကယ်တော့ ဆီးချိုဝေဒနာရှင်တွေ အနေနဲ့ အသီးစားလို့ရပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ အသီးကို သတ်မှတ်ထား တဲ့ ပမာဏ စားပေးဖို့လိုပါတယ်။ ဥပမာ - ပန်းသီး အလုံးသေး တစ်လုံး၊ လိမ္မော်သီး (ပျားလိမ္မော် မဟုတ်ပါ) တစ်လုံး၊ မာလကာသီး တခြမ်း၊ ငှက်ပျောသီး တဝက်၊ နှင်းသီး သုံးလုံး၊ ကြက်မောက်သီး လုံး၊ မင်းဂွတ်သီး လုံး၊ ကျွဲကောသီး နှစ်စိပ်၊ ပန်းသစ်တော် တခြမ်း၊သင်္ဘောသီး တုံး၊ စပျစ်သီး အသေး ၁၅ လုံး၊ အကြီး - လုံး စတာတွေ စားလို့ရပါတယ်။ မစားသင့်တဲ့ အသီးတွေကတော့ နာနတ်သီး၊ ဒူးရင်းသီး၊ ပျားလိမ္မော် စတာတွေ မစားသင့်ပါဘူး။ အခုပြောထားတဲ့ စားလိူ့ရတဲ့ အသီးတွေ နှင့် ပမာဏ အတိအကျ ကို နေ့လည် စာ နှင့် ညစာ စားပြီး နာရီခွဲ လောက် ကြာမှ စားပေးရပါမယ်။ ထမင်း စားစားပြီးချင်း အချို တည်းတယ် ဆိုပြီး ချက်ချင်း အသီးစားလိုက်ရင် ဆီးချို ချက်ချင်း တက်သွားနိုင်ပါတယ်။

8. ကလီစာရှောင်ပါ။ ဝမ်းတွင်းကလီစာတွေ ဖြစ်တဲ့ ကြက်အသည်း၊ ဝက်အသည်း၊ ဝက်အူ၊ အမဲအူ၊ ဝက်သားတုတ်ထိုး စတာတွေ မှာ ကိုလက်စထရော အရမ်းများတဲ့ အတွက် ရှောင်ရှားသင့်ပါတယ်။ တစ်နေ့ကို ကိုလက်စထရော ၂၀၀-၃၀၀ mg ပဲ စားလို့ရပါတယ်။ ဥပမာ- ကလီစာ တစ်မျိုးဖြစ်တဲ့ ဝက်ဦးနှောက် ဆိုရင် ၆ကျပ်သားမှာ ကိုလက်စထရော ၁၅၀၀ ကျော်လောက်ပါပါတယ်။ ဒါမျိုးဆို အရမ်း များပါတယ်။ သွေးတွင်းကိုလက်စထရော အရမ်းတက် လာစေပြီး ဆီးချိုပါ ထိန်းမရဖြစ်တတ်ပါတယ်။ 

9. ကြက်ဥ အနှစ် ကို တစ်နေ့ လုံး ထက်ပို မစားမိပါစေနှင့်။ ကြက်ဥ အနှစ် လုံးမှာ ကိုလက်စထရော 180 mg ပါဝင်တဲ့ အတွက် တရက်တလုံး ထက်မပိုသင့်ပါ။ အကာ ကတော့ - လုံး ထိစားလို့ရပါတယ်။

10. ဆား ကို တစ်နေ့ လက်ဖက်စားဇွန်း ဇွန်းထက်မပိုပါစေနှင့်။ အကယ်လို့ ငံပြာရည် သုံးတယ် ဆိုရင် တစ်နေ့လုံးကို ထမင်းစားဇွန်း ဇွန်းထက် မပိုသင့်ပါ။ ပဲငံပြာရည် အကြည် သုံးရင်တော့ ထမင်းစားဇွန်း ဇွန်းထက် မပိုသင့်ပါဘူး။ အခုပြောထားတဲ့ အမျိုးအစားတွေ ထဲ က တစ်နေ့ ကို တစ်မျိုးသာသုံးရမှာဖြစ်ပါတယ်။ 

11. ဆီ ကို တစ်နေ့ ထမင်းစားဇွန်း ဇွန်းထက် မပိုသင့်ပါ။ ဒီလိုပြောလို့ ပာင်း အနှစ် ဇွန်း ထည့်စား လို့ရတယ်လို့ မဆိုလိုပါဘူး။ အခုပြောထားတဲ့ နှစ်ဇွန်းလပမာဏ ပာာ အရွက်ကြော်တာ တို့ အသားချည်းခပ်တဲ့နေရာ မှာ ကပ်ပါလာမယ့် ဆီ ပမာဏ နှင့် တူတူပါပဲ။ 

12. အပြင်မှာ ထွက်စားတာကိုလျှော့ပါ။ အများသိတဲ့ အတိုင်း အပြင်အစားအစာ တွေက ဆီများတယ် ဆား၊ အချိုမှုန့် အရမ်းများတဲ့ အတွက် လျှော့စားသင့်ပါတယ်။ အကယ်၍ မဖြစ်မနေ စားနေရတယ် ဆိုရင် လည်း ဆီကြော်တွေရှောင်ပြီး။ အသုတ် လိုမျိုးကို အရွက်များများ ထည့်စားတတ်တဲ့လအကျင့် လုပ်ပါ။ 

13. မနက်စာ၊ နေ့လည်စာ၊ ညစာ စားပြီး တိုင်း လမ်း ၁၀-၁၅ မိနစ် လျှောက်ပေးပါ။ စားစားပြီးချင်း လှဲ အိပ်လိုက်တာမျိုး တီဗွီ ထိုင်ကြည့်တာမျိုး မလုပ်သင့်ပါ။ စားထားတဲ့ အစားအစာ အာပာာရ တွေ ကို ခန္ဓာကိုယ်က ချက်ချင်း အသုံးပြုပေးဖို့ ကိုယ်လက်လှုပ်ရှား မှု့လုပ်သင့်ပါတယ်။ ဒါမှ ဆီးချို မတက်မှာပါ။

14. မနက်ခင်း နှင့် ညနေခင်း မှာ အားကစားတစ်ခု ခု နာရီဝက်ကနေ တစ်နာရီ အထိ လုပ်ပေးပါ။ 


လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော် 


Comments

Popular posts from this blog

လူပြောများနေတဲ့ အိုမီဂါ သရီး (Omega-3) အကြောင်း

ခြောက်လ အထက် ကလေး တွေ ကို ဖြည့်စွက်စာတ်ကျွေးတော့မယ် ဆိုရင် ဘာတွေထည့်ကျွေးသင့်သလဲ????

လူကြီးတွေ ကို အာဟာရပြည့်အောင် ဘယ်လို ကျွေးကြမလဲ????