အဆစ်အမြစ် ရောင် ဝေဒနာရှင်များ အတွက် စားသင့်သည့် အစားအစာ များ



အဆစ်အမြစ်ရောင် ဝေဒနာရှင်များ ကတော့ ယောင်ယမ်းတာ သက်သာစေမယ့် အစားအစာ တွေ ကို အဓိက ထားရွေးစားပေးဖို့ လိုအပ်ပါတယ်။ 


စားသုံးသင့်သော ဆီ အမျိုးအစား

 

ဆီဆိုရင်တော့ အများ သိတဲ့ အတိုင်း ပြည့်ဝဆီ (Saturated fat) နှင့် မပြည့်ဝဆီ (unsaturated fat) ဆိုပြီး နှစ်မျိုး အဓိက ရှိပါတယ်။ မပြည့်ဝဆီ (unsaturated fat) မှာ လည်း monounsaturated fatty acid (MUFA) နှင့် polyunsaturated fatty acid (PUFA) ဆိုပြီး နှစ်မျိုး ရှိပါတယ်။


Monounsaturated Fatty Acid (MUFA) ကတော့ မကောင်းတဲ့ ကိုလက်စထရော (LDL) ကို ကျစေပြီး ကောင်းတဲ့ ကိုလက်စထရော (HDL) ကို တက်စေပါတယ်။ 


Polyunsaturated Fatty Acid (PUFA) ကတော့ total cholesterol ကို ကျစေပါတယ်။ 



ဆီ တစ်မျိုး ကျန်းမာရေးအတွက် ကောင်း မကောင်း ဆို တာ အဲ့ ဆီ မှာ ပါဝင် တဲ့ ပြည့်ဝ ဆီ နှင့် မပြည့်ဝဆီ ပါဝင်တဲ့ အချိုး အဆ ပေါ် မူတည်ပါတယ်။ 


ဥပမာ 

1. သံလွင်ဆီ - ကျန်းမာရေး အတွက် ကောင်းတယ် ဆိုပြီး လူသိများတဲ့ ဆီ တစ်မျိုးပါ။ တနည်းအားဖြင့် monounsaturatedfatty acid (MUFA) ပါဝင်မှု့အချိုးအစား များတဲ့ အတွက်ကြောင့်ပါ။ ထို့အပြင် ယောင်ယမ်းခြင်း ကို သက်သာစေတဲ့ Anti-inflammatory action ရှိတဲ့ အာဟာရဓါတ်တွေ ဖြစ်တဲ့ (polyphenols oleocanthal, oleuropein, hydroxytyrosol, lignans) ပါဝင်တဲ့ အတွက် ယောင်ယမ်းခြင်း ကို သက်သာစေပါတယ်။ သံလွင်ဆီ သုံူရင် သတိထားရမယ့် အချက် တွေ ကတော့ အဖုံးဖွင့်ပြီး အတွင်း ကုန်အောင် သုံးပေးရပါမည်။ ရေခဲသေတ္တာ ထဲ ထည့်သိမ်းစရာ မလိုပါ။ သံလွင်ဆီ (Extra Virgin Olive Oil) က အပူချိန် သိပ်မခံ နိုင်တဲ့ အတွက် ဖြစ်နိုင်ရင် ကြော်တဲ့ နေရာ မှာ မသုံးပဲ အသုပ် (salad) တွေ မှာ သုံးတာဂပို အဆင်ပြေသင့်တော်ပါတယ်။ 

2. Canola Oil - အခုနောက်ပိုင်း စူပါမားကတ် တွေ မှာ အလွယ်တကူ ဝယ်လို့ရလာတဲ့ canola oil ကလည်း ကျန်းမာရေးဂကို အထောက်အကူ ပြုပါတယ်။ monounsaturated fatty acid ကော polyunsaturated fatty acid ပါ နှစ်မျိေုးလုံးပါဝင်ပါတယ်။ Canola oil ကို အသုံး ုပုတဲ့ နေရာမှာ သတိထားသည့်တဲ့ အချက် ကတော့ အဖုံးဖွင့်ပြီး အတွင်း ကုန်အောင်သုံးရပါမယ်။ အပူချိန် တော်တော် ခံနိုင်တဲ့ အတွက်ကြောင့် ကြော်လှော် တဲ့ နေရာမှာ အသုံးပြု နိုင်ပါတယ်။

3. Avocado oil

4. Walnuts oil

5. Grapeseed oil စတဲ့ ဆီ တွေ လည်း သုံးပေးလို့ရပါတယ်။ ဒါပေမယ့် ကျွန်တော် တို့ မြန်မာနိုင်ငံ မှာတော့ ရှားပါတယ်။

6. နနွင်း - နနွင်း မှာ curcumin လို့ခေါ်တဲ့ အာပာာရဓါတ် တစ်မျိုးပါဝင်တဲ့ အတွက် anti-inflammatory (ရောင်ယမ်း တာကို သက်သာစေတဲ့) အကျိုးကျေးဇူးရှိတဲ့ အတွက် အဆစ် အမြစ်ရောင်ယမ်းနေသူတွေ အတွက် အသုံးဝင်ပါတယ်။

7. အစေ့အဆန် တွေ မှာလည်း အိုမီဂါ သရီး ပါတဲ့ အတွက် အဆစ်အမြစ်ယောင်တဲ့ သူတွေဘအတွက် အဆင်ပြေပါတယ်။

8. ပင်လယ်ငါးတွေဖြစ်တဲ့ ဆော်လမွန်၊ တူနာ၊ ငါးကွန်းရှပ်၊ ငါးတန် စတဲ့ ငါးတွေမှာ လည်း အိုမီဂါ သရီး ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် အရိုးအဆစ်တွေ ရောင်ယမ်း နာကျဉ်တာ အတွက်ကောင်းပါတယ်။

9. ကန်စွန်းဥ ခရမ်းမှာ လည်း Anthocyanin ပါတဲ့လအတွက် အရိုးအဆစ် ယောင်ယမ်းတာကို တဖက်တလမ်း ကနေ သက်သာစေနိုင်ပါတယ်။ 


လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်


Comments

Popular posts from this blog

လူပြောများနေတဲ့ အိုမီဂါ သရီး (Omega-3) အကြောင်း

ခြောက်လ အထက် ကလေး တွေ ကို ဖြည့်စွက်စာတ်ကျွေးတော့မယ် ဆိုရင် ဘာတွေထည့်ကျွေးသင့်သလဲ????

လူကြီးတွေ ကို အာဟာရပြည့်အောင် ဘယ်လို ကျွေးကြမလဲ????