ဆေးလိပ်ဖြတ်နေသူများ အတွက် တဖက်တလမ်း ကနေ အထောက်အကူ ဖြစ်စေမယ့် စားသောက်သင့်သည့် ပုံစံ များ
ယနေ့ခေတ်မှာ ဆေးလိပ် သောက်တာ က trend တစ်ခုလို ဖြစ်လာပါတယ်။ ဒါကတော့ ကျန်းမာရေးကို အလွန်အကျွံ ထိခိုက်စေတဲ့ အလေ့အထ တစ်ခုဆိုတာလည်း လူတိုင်း သိပြီးသား ဖြစ်ပါတယ်။ ဒါကို နားလည်လာတဲ့ လူတွေ ကတော့ ဆေးလိပ်ဖြတ်ဖို့အတွက် စပြီး ကြိုးစားလာကြပါတယ်။ အသပိုင်းမှာတော့ အခက်အခဲ တချို့ တွေ့ရတတ်ပါတယ်။ အဲ့ဒီ ထဲ မှာ မှ အာဟာရ ဘက်ကနေ ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတချို့ကို ပြောပြပေးချင်ပါတယ်။
အဓိက ဆေးလိပ် ဖြတ်နေတုန်း မှာ
1. ဗိုက်ပြည့်အောင် စားထားဖို့လိုပါတယ်။
2. ပါးစပ်ထဲ မှာ အာဟာရ ဖြစ်စေမယ့် အရသာရှိတဲ့ အစားအစာ တစ်ခု မဟုတ်တစ်ခု စားပေးနေဖို့လိုပါတယ်။ ဥပမာ- အသီး တစ်မျိုးမျိုး
3. အနံ့ မွှေးတဲ့ အစားအစာ တွေ ကို ရွေးစားပေးဖို့လည်း လိုပါတယ်။
ဘယ်လိုအချက်တွေ သတိထား သင့်သလဲ ????
1. တစ်နေ့ကို မနက်စာ၊ နေ့လည်စာ၊ ညစာ သုံးနပ်လုံး စားပေးဖို့လိုပါတယ်၊ တစ်နပ်နပ် ကို မစားမိပဲ ကျော် လိုက်မယ် ဆိုရင်တော့ ဗိုက်အရမ်းဆာ လာပြီး စိတ်ဖိစီးမှု့ များလာကာ ဆေးလိပ် ဖြတ်တဲ့ နေရာ မှာ အနှောင့် အယှက် ဖြစ်စေပါတယ်။
2. ဗိုက်ဆာပြီဆိုတာ နဲ့ ကယ်လိုရီ နည်း ပြီး ခဏခဏ စားလိူ့ရမယ့် အစားအစာ တွေ ရွေးစားပေးပါ။ ဥပမာ - ပန်းသီး၊ ဆန်းကစ်သီး၊ နှင်းသီး၊ ကြက်မောက်သီး၊ မင်းဂွတ်သီး စတာတွေ စားပေးလို့ရပါတယ်။
3. ကြာကြာဝါးရတဲ့ အစားအစာ၊ crunchy ဖြစ်တဲ့ အစားအစာတွေ ကလည်း တခါတလေ အရမ်း ဆေးလိပ် သောက်ချင်လာတဲ့ စိတ် ကို တားပေးနိုင်ပါတယ်။ ဥပမာ - ပီကေ၊ protein bar
4. အဆာပြေ နှစ်ခါလောက် စားပေးသင့်ပါတယ်။ အဆာပြေစားတဲ့ နေရာမှာ ရွေးစားတတ်ဖို့တော့လိုပါတယ်။ အလွယ်ရတဲ့ အစားအစာ ကို အလွယ်တကူ ဝယ်စားတာထက်စာရင် စဉ်းစား ချင့်ချိန်ပြီးစားတတ်ဖို့လိုပါတယ်။ ဥပမာ - ပေါင်မုန့် အညို၊ oatmeal၊ စီရီယယ်၊ အသီး အမျိုးမျိုး၊ အဆီထုတ်ထားတဲ့ ဒိန်ချဉ်၊ နွားနို့၊ သကြားလျှော့ထားတဲ့ ပဲနို့၊ အစေ့အဆန်အမျိုးမျိုး (အပေါ့) စတာတွေ ရွေးစားပေးဖို့ လိုအပ်ပါတယ်။
5. ဒီ့အပြင် ပေါက်ပေါက်ဆုပ်၊ အသီးဖျော်ရည်၊ milkshake၊ smoothie စတာတွေ ကို လည်း အဆာပြေစားပေး ခြင်းဖြင့် ဆေးလိပ် သောက်ချင်စိတ်ကို ထိန်းပေးထားနိုင်ပါတယ်။
6. တခါတလေ သကြားမပါတဲ့ ပီကေ၊ သကြားလျှော့ထားတဲ့ candy၊ စတာတွေ က လည်း ဆေးလိပ်ဖြတ်တဲ့နေရာ မှာ အထောက်အကူ ပြု ပါတယ်။
7. အေးတဲ့ အစားအစာ တချို့ကလည်း ဆေးလိပ်ဖြတ်တဲ့ နေရာမှာ အသုံးဝင်ပါတယ်။ ဥပမာ - စပျစ်သီး၊ ပန်းသီးတို့ကို ခဲနေအောင် လုပ်ပြီး ရေခဲတုံးကဲ့သို့ ပါးစပ်ထဲ ငုံထားတာမျိုး၊ အဆီထုတ်ထားတဲ့ ရေခဲမုန့်၊ ဒိန်ချဉ် ရေခဲချောင်း စတာတွေ စားပေးခြင်း ဖြင့်လည်း ဆေးလိပ်ဖြတ်တဲ့ နေရာ မှာ များစွာ အထောက်အကူ ပြု နိုင်ပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Comments
Post a Comment