ခြောက်လ အထက် ကလေး တွေ ကို ဖြည့်စွက်စာတ်ကျွေးတော့မယ် ဆိုရင် ဘာတွေထည့်ကျွေးသင့်သလဲ????
ဒီနေ့တော့ ကလေး တွေ ကို နေ့လည်စာ နှင့် ညစာ ဆန်ပြုတ်ကျွေးဖို့ အတွက် ပါဝင် ပစ္စည်းများ နှင့် ပြုလုပ်ပုံ အဆင့်ဆင့် ကို ပြောပြပေးချင်ပါတယ်။ ပြုလုပ်ပုံ 1. ကြက်သား ( သို့ ) ငါး ကို ပြုတ်ပါ။ 2. ပဲထည့်ပြုတ်ပါ။ 3. ပဲနူးလာပြီ ဆိုရင် ကျန်တဲ့ ပစ္စည်းများ ကို ထည့်ပြီး ပြုတ်ပါ။ 4. ဆား၊ အချိုမှုန့် လုံးဝ ထည့်စရာမလိုပါဘူူး။ 5. နူးပြီး ပြဲနေအောင် ပြုတ်ပေးပါ။ 6. အိမ်မှာ ကြိတ်စက်ရှိရင် အခုပြဲနေအောင် ပြုတ်ထားတာတွေ ကို ကြိတ်စက်ထဲ ထည့်ကြိတ်ပါ။ ( အသက် ၉ လကျော်ရင် ကြိတ်စက်ထဲ ထည့်ကြိတ်စရာ မလိုတော့ပါ ) 7. အိမ် မှာ ကြိတ်စက် မရှိရင်တော့ ဇွန်း ဖြင့် ချေပေးပါ။ 8. အခု ဖော်ပြထားသည့် ပမာဏ က တစ်ကြိမ်စားဖို့အတွက် ဖြစ်ပါတယ်။ ဒါမျိုး တစ်နေ့ကို နှစ်ကြိမ် - သုံးကြိမ်ကျွေးပေးပါ။ ပါဝင်ပစ္စည်းများ 1. ထမင်း - ထမင်းစားဇွန်း ၃ ဇွန်း 2. မုန်လာဥနီ - လက် နှစ်ဆစ် 3. အရွက် တမျိုးမျိုး ( ကန်စွန်းရွက်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီ ) - လေးခက် 4. ပဲ တမျိုးမျိုး ( ပဲနီလေး၊ ပဲဝါလေး၊ ကုလားပဲ ) - လက်ဖက်ဇွန်း ၁ ဇွန်း 5. ပဲဆီ - လက်ဖက်စားဇွန်း ၁ ဇွန်း ...